နေပြည်တော်၊ အောက်တိုဘာ - ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ COVID-19 ရောဂါ ကုသရေးဌာနရှိ ပိုးတွေ့လူနာ ၁၇၆ ဦးနေထိုင်သည့် အဆောင်များအား ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက အမှိုက်များရှင်းလင်းခြင်းနှင့် လူနာများ၏ အသုံးအဆောင်စွန့်ပစ်ပစ္စည်းများ ရှင်းလင်းပေးခြင်း စသည့်သန့်ရှင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။