နေပြည်တော်၊ အောက်တိုဘာ - ၁၃
COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံ များ၌ အောက်ဆီဂျင်လိုအပ်ချက်များအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများနှင့် COVID-19 ရောဂါ ကုသရေးဌာနများအရောက် သွားရောက် လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၁၆ လုံးကိုလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ပြည်သူ့ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး အလုံး ၅၀ ကို လည်းကောင်း တပ်မတော် Oxygen Plant များ၌ အောက်ဆီဂျင်များ ဖြည့်သွင်းပြီး သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သားများက အသီးသီး သွားရောက်လှူဒါန်းသည်။
တပ်မတော်အနေဖြင့် COVID-19 ရောဂါကုသရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက် =ရာ၌ အောက်ဆီဂျင်လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရှိရပြီး လှူဒါန်းမှုနှင့် ပတ်သက်၍ ယခုလိုပဲကြားသိခဲ့ရပါတယ်---
“တပ်မတော်အနေနဲ့ ဆေးရုံတွေ၊ COVID-19 ကုသရေးစင်တာတွေအတွက် အဓိကလိုအပ်တဲ့ အောက်ဆီဂျင်အိုးတွေကို လှူဒါန်းနေတာကို တွေ့ရတဲ့အတွက် ကျွန်တော်တို့စက်ရုံအနေနဲ့လည်း အဓိက လိုအပ်တဲ့အောက်ဆီဂျင်ကို ပိုမိုထုတ်လုပ် နိုင်ရေး ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဆေးရုံတွေ၊ COVID-19 ကုသရေး စင်တာတွေမှာ တက်ရောက်ကုသမှုခံယူနေကြတဲ့ ပြည်သူပြည်သားအားလုံးလည်း ဒီ COVID-19 ကပ်ရောဂါကနေ အမြန်ဆုံး သက်သာပျောက်ကင်းကြပါစေ” ဟုဦးနိုင်အောင်ဖြိုး (လက်ထောက်စက်ရုံမှူး MEC အမှတ်(၃) သံမဏိစက်ရုံ(ရွာမ))က ပြောသည်။
“ကျွန်တော်တို့ ပထမအစီအစဉ်ကတော့ အောက်ဆီဂျင် Therapy ၁၆ ခုတင်ပဲ ပါပါတယ်။ စဆောက်ကတည်းက ခုတင် ၅၀၀ ပါ။ လူနာ ၅၀၀ လက်ခံနိုင်ဖို့အတွက် ကျွန်တော်တို့ ၁၆ ယူနစ် အောက်ဆီဂျင် Therapy စီစဉ်ထားတယ်။ ဒါပေမဲ့ လုပ် နေရင်းတန်းလန်းနဲ့ပဲ ခုတင် ၁၀၀ အားချင်း တိုးရပါတယ်။ အဲဒီအတွက်ပစ္စည်းရရှိမှု တော့ တော်တော်ခက်ခက်ခဲခဲ ဆောင်ရွက်လိုက်ရပါတယ်။ အဲဒီအခြေအနေမှာ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ကနေပြီးတော့ ဒီမှာလိုအပ်နေတဲ့ အောက်ဆီဂျင်တွေကို လှူဒါန်းပေးတယ်။ ဒီလိုမျိုးနေရာအရောက် လာပြီး ပို့ပေးတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ အောက်ဆီဂျင်က ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ အရမ်းလည်း ဝမ်းသာပါတယ်။ အရမ်းလည်း ကျေးဇူး တင်ပါတယ်။ လောလောဆယ် ဆလင်ဒါ ၁၀၀ ပေါ့။ ရိုးမကို ၁၀၀၊ တခြားအောင်မြင်း မိုရ်ကို ၁၀၀ လှူတယ်လို့သိရတယ်။ နောက်လိုတဲ့ဟာကိုလည်း ဆက်ပြီးတော့ပံ့ပိုးသွားမယ်လို့ စစ်ရေးချုပ်ကြီးဆီကနေ ကြားသိရပါတယ်။ အဲဒီ အတွက်လည်း အရမ်းဝမ်းသာ ပါတယ်။ သာဓုလည်းခေါ်ပါတယ်။ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနက ညွှန်ကြား ထားတဲ့ ညွှန်ကြားချက်တွေ အတိုင်းနေပါ။ ရောဂါဖြစ်တဲ့ ကိုဗစ်ဝေဒနာရှင်တွေလည်း အားမလျှော့ပါနဲ့။ အားတင်းထားပါ။ ကျွန်တော်တို့အားလုံး အတူတူအောင် အောင်မြင်မြင်ကျော်ဖြတ်ကြမယ်လို့ ပြော ကြားလိုပါတယ်}}ဟု ဦးခွန်နောင်(ကော်မတီဥက္ကဋ္ဌ COVID-19 ရောဂါကုသရေးဌာန အင်းယားစင်တာ)က ပြောသည်။