COVID-19 ရောဂါအတည်ပြုပိုးတွေ့လူနာ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင် များအတွက် အလှူငွေများပေးအပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၁၃
    
COVID-19  ရောဂါအတည်ပြုပိုးတွေ့လူနာ သံဃာတော်များနှင့် သာသနာ့ နွယ်ဝင် သီလရှင်များအတွက် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)သို့  ယနေ့နံနက်ပိုင်းတွင် အလှူရှင်များက အလှူငွေများ လာရောက်ပေးအပ်လှူဒါန်း ကြသည်။
    
ထိုသို့လှူဒါန်းရာတွင် COVID-19   ရောဂါအတည်ပြုပိုးတွေ့လူနာ သံဃာတော် များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအတွက် အလှူရှင်များဖြစ်သည့် ရောင်နီဦးနှင့်မိတ်ဆွေ များပရဟိတအဖွဲ့ ၊ ဒေါက်တာ ဒေါ်ရင်ရင်နွယ်မိသားစုနှင့် တရုတ်နိုင်ငံရောက် ပညာတော်သင် မြန်မာကျောင်းသား၊ ကျောင်းသူများက လှူဒါန်းသည့် အလှူငွေကျပ်စုစုပေါင်း ၂၆၆ သိန်းကို ပေးအပ်လှူဒါန်းရာ ဆေးရုံတပ်မှူး ဗိုလ်မှူးချုပ် မြင့်ဇော်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။