ဘောလုံးလောကကို ဘဝတစ်ခုအဖြစ် ခင်တွယ်နေဆဲဖြစ်သည့် ဟံသာဝတီယူနိုက်တက်အသင်း နောက်ခံကစားသမား ရွှေလှိုင်ဝင်း

တောင်ကြီးဇာတိဖြစ်တဲ့ ဟံသာဝတီယူနိုက်တက်အသင်း နောက်ခံကစားသမား ရွှေလှိုင်ဝင်းအနေနဲ့ မြန်မာနေရှင်နယ်လိဂ်ခေတ်ဦး

ဖြစ်တဲ့ ၂၀၀၉ ရာသီနဲ့ ၂၀၁၀ ရာသီတွေမှာ ရန်ကုန်ယူနိုက်တက်အသင်းမှာ ကစားခဲ့ပြီး ဇေယျာရွှေမြေ၊ နေပြည်တော်နဲ့ ဧရာဝတီ ယူနိုက်တက် အသင်းတွေမှာလည်း ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ဖြတ်သန်းခဲ့ဖူးသူတစ်ဦး ဖြစ်ပါတယ်။ စီနီယာလက်တွဲဖော်ကစားသမားအများစု အနားယူသွားခဲ့ပေမယ့် ဘောလုံးလောကကို ဘဝတစ်ခုအဖြစ် ခင်တွယ်နေဆဲဖြစ်တဲ့ ရွှေလှိုင်ဝင်းက လက်ရွေးစင်ဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီနှစ်မှာ ဟံသာဝတီယူနိုက်တက် အသင်းနဲ့အတူ အောင်မြင်တဲ့ ရာသီတစ်ခုကို ဖြတ်သန်းနိုင်ခဲ့ပြီး သူနဲ့ဆက်သွယ် မေးမြန်းခဲ့တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီနှစ်က    ဟံသာဝတီယူနိုက်တက ်အသင်းရဲ့ အောင်မြင်တဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့တယ်နော်။

ကျွန်တော်တို့အသင်းရဲ့ အောင်မြင်တဲ့ နှစ်လို့ ပြောနိုင်ပါတယ်။ စီနီယာတွေရော လူငယ်တွေပါ   ကြိုးစား ကစားခဲ့ကြတယ်။တစ်ဦးရဲ့အမှားကို တစ်ဦးက ဖေးမကူညီ လက်တွဲကစားခဲ့ကြတယ်။    အားလုံးတက်ညီလက်ညီရှိခဲ့တဲ့ နှစ်တစ်နှစ်ပါပဲ။

နည်းပြချုပ်ရဲ့ ဦးဆောင်မှုအပေါ်မှာရော ဘယ်လိုသုံးသပ်မိလဲ။

ဦးမျိုးမင်းထွန်းက     ကျွန်တော်တို့ အသင်းရဲ့ နည်းပြချုပ်သစ်ပေါ့။ လူငယ်တွေကိုလည်း နေရာပေးတယ်။ သူပထမဆုံး ရောက်တဲ့နှစ်မှာပဲ  ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းအဖြစ် တည်ဆောက်နိုင်ခဲ့တယ်။ အသင်းရဲ့ ရည်မှန်းချက်ကိုလည်း အောင်မြင်အောင် ဖော်ဆောင်နိုင်ခဲ့တယ်။ သူနဲ့လက်တွဲခွင့်ရတာ ကျေနပ်စရာပါ။

 အသင်းနဲ့   စာချုပ်သက်တမ်းကုန်တော့မှာ ဖြစ်လို့ ထပ်မံကမ်းလှမ်းတာတွေ ရှိပြီလား။ လာမယ့်နှစ် AFC Cup မှာလည်း ဝင်ပြိုင်ရမှာဆိုတော့လေ။

လောလောဆယ်  ကမ်းလှမ်းတာမရှိသေးပါဘူး။  COVID-19 ရောဂါထိန်းချုပ်ဆဲကာလဆိုတော့ အသင်းရဲ့ ပြင်ဆင်မှုကလည်း မရှိသေးဘူး။ နောက်ရာသီကလည်း လိုသေးတယ်။ ဒါကြောင့် ဖြစ်နိုင်ပါတယ်။

လက်ရှိအချိန်ထိ  ပွဲထွက်ကစားခွင့်ရနေသေးတဲ့ လျှို့ဝှက်ချက်ကရော ဘာများဖြစ်မလဲ။

ပြိုင်ပွဲတွေမရှိလည်း   ကျွန်တော်က လေ့ကျင့်ခန်းပုံမှန်လုပ်တယ်။     အစားအသောက်ကိုလည်း ဆင်ခြင်တယ်။ အဓိကက  ဘောလုံးကစားချင်တဲ့ စိတ်ကြောင့်ပါပဲ။    လျှို့ဝှက်ချက်ရယ်လို့တော့ မဟုတ်ပါဘူး။

သူငယ်ချင်းအများစုက အနားယူသွားကြပြီဆိုတော့    အနာဂတ်အတွက်ရော ဘယ်လိုပြင်ဆင်ထားလဲ။   နည်းပြလုပ်ဖို့

ရော စိတ်ကူးရှိလား။

သူငယ်ချင်းအများစုက    ဘောလုံးလောကကနေ   အနားယူသွားကြပါပြီ။ ဒါပေမဲ့   ကျွန်တော်ကတော့   ငယ်ငယ်က တည်းက ဘောလုံးကစားလာတာ။ အခုလည်း ဆက်ပြီး ဘောလုံးကစားချင်သေးတယ်။ ဖြစ်နိုင်ရင် ဒီအသင်းမှာပဲ ဆက်ပြီး ကစားချင်သေးတယ်။ နည်းပြလုပ်ဖို့ စိတ်ကူးရှိပေမယ့် ကျွန်တော်ကစားနိုင်သရွေ့ ဆက်ပြီးကစားဖို့ ရည်ရွယ်ထားပါတယ်။

ဒီရာသီပွဲတွေမှာ ခြေစွမ်းပြနိုင်တာ တွေ့ရပေမယ့် အမှားရှိခဲ့တဲ့ပွဲတွေလည်းရှိတယ်။ ဘယ်လိုပြင်ဆင်ခဲ့လဲ။

ကျွန်တော်  ကစားပြီးတဲ့ပွဲတိုင်းကို  ပြန်ကြည့်ဖြစ်တယ်။   ဆရာတွေကလည်း Remind      ပြန်လုပ်ပေးတယ်။ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းပြင်ဆင်နေရတယ်။

ဟံသာဝတီယူနိုက်တက်အသင်း   ပရိသတ်တွေအတွက်   စကားလက်ဆောင်ပြောပေးပါဦး။

ပရိသတ်တွေက  ဘယ်အချိန်ဖြစ်ဖြစ် မလျော့တဲ့စိတ်နဲ့အားပေးဖို့ အသင့်ဖြစ်နေတဲ့သူတွေပါ။ အိမ်ကွင်းပွဲစဉ်တိုင်း တာဝန် ကျေကျေ   လာရောက်အားပေးခဲ့တယ်။ ဒါပေမဲ့ အခု COVID-19 ရောဂါအခြေအနေကြောင့်  သူတို့လည်း  အားပေးခွင့်မရတော့ဘူး။ အဲဒီအတွက် စိတ်မကောင်းဖြစ်ရပါတယ်။   အသင်းရဲ့ရလဒ်အတွက်တော့  ကျေနပ်ကြမယ်လို့   မျှော်လင့်ပါတယ်။

တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်းပြောပေးပါဦး။

အသင်းက ဒီရာသီမှာ ပံ့ပိုးမှုကောင်းကောင်းလုပ်ပေးခဲ့တယ်။   ဒီရာသီတင်မဟုတ်ပါဘူး။   အရင်ကလည်း   ကစားသမားတွေအပေါ် ပံ့ပိုးမှုရှိခဲ့တယ်။ အခုလည်း  ဒုတိယဆုရတဲ့ ဆုကြေးကို အသင်းကစားသမားတွေကို ခွဲဝေပေးမယ်လို့ပြောထားပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် ချန်ပီယံဆုနဲ့လွဲခဲ့ရတယ်။ 

နောက်နှစ်မှာလည်း ချန်ပီယံစိန်ခေါ်နိုင်စွမ်းရှိအောင် ဆက်ပြီး ကြိုးစားမှာပါ။         

               ကိုရဲ