မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် ပုံပြင်ပြောခြင်း၊ ကဗျာရွတ် ဆိုခြင်းကို သြဂုတ် ၂၄ ရက်တွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက ကျောင်းသား၊ ကျောင်း သူများ အသိပညာဗဟုသုတတိုးပွားစေရေး အတွက် စာပေဖတ်ရှုရေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စာအုပ်ပြပွဲများပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြိုင်ပွဲဝင်စည်းကမ်းများနှင့်အညီ မိမိတို့ ကြိုက်နှစ်သက်ရာ ပန်းချီများကို ရေးဆွဲ၍ ပြိုင်ပွဲဝင်ကြရာ အကောင်းဆုံး စိတ်ကြိုက်ပန်းချီရေးဆွဲနိုင်သူငါးဦးကို ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။
ထို့နောက် ကလေးစာဖတ်ခန်းအတွင်း မြို့နယ် ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက တိုင်းရင်းသားရိုးရာပုံပြင်စာအုပ်မှ ကူညီ တတ်သောမနူနူအကြောင်းကို အသိပညာ ပေးပုံပြင်ပြောပြကာ စာပေဗိမာန်စာမူ ကလေးစာပေ ပထမဆုရ စာရေးဆရာ ကန့်ဘလူခင်မောင်ဆွေ၏ ကလေးကဗျာ များထဲမှ ကစားကြမယ်ကဗျာကို ကျောင်း သား၊ ကျောင်းသူများနှင့်အတူ ရွတ်ဆိုပြ ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်မှ ကလေး ကြိုက် တေဇ၊ ရုပ်ပြစာအုပ်များ၊ တိုင်းရင်း သားရိုးရာပုံပြင်စာအုပ်များ၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါပွဲသို့ ငဖဲမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)