ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်  သြဂုတ်  ၃၁

မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်က ကြီးမှူး၍ Burmese Golf (BG) မှအဓိကကူညီပံ့ပိုးသော Burmese Golf Open Junior and Professional Golf  Tournament ဂေါက်သီးရိုက်ပြိုင်ပွဲ ဒုတိယနေ့ကို ရန်ကုန်မြို့ရှိ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ ယနေ့တွင် ဆက်လက်ကျင်းပသည်။

ပြိုင်ပွဲများအပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကိုကျင်းပရာ    မြန်မာနိုင်ငံဂေါက်သီး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေးက  နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။                  

ထို့နောက် Burmese Golf   Myanmar မှ ဒါရိုက်တာ ဦးရဲလွင်ဦးက အသက် ၁၂ နှစ်အောက်သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၇၃ ချက်ဖြင့်     တတိယဆုရရှိသော ဘုန်းပြည့်ဖြိုးဟိန်း(တောင်ငူ)ကိုလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၇၂ ချက်ဖြင့် ဒုတိယဆုရရှိသော    ချွယ်ဝမ် (ရန်ကုန်)ကို လည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၇၁ ချက်ဖြင့် ပထမဆုရရှိသော ထူးမြတ်အောင် (မြိတ်)တို့ကိုလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

 ဆက်လက်၍ Junior Golf Myanmar မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကိုဇော်က အသက် ၁၄ နှစ်အောက်သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၆၀ ချက်ဖြင့် တတိယဆုရရှိသော    ကောင်းထက်(ရန်ကုန်)ကို လည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၆၀ ချက်ဖြင့်  ဒုတိယဆုရရှိသော  အောင်ဟိန်းဇော်(စစ်တွေ)ကို လည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၅၉  ချက်ဖြင့်  ပထမဆုရရှိသော ပြည့်စုံအောင် (ပြင်ဦးလွင်)တို့ကို လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

ထို့နောက်    Junior Golf Myanmar မှအဖွဲ့ဝင်    ဒေါ်မြင့်မြင့်သန်းက အမျိုးသမီး ၁၈ နှစ်အောက်သက်တန်းတွင် စုစုပေါင်းရိုက်ချက် ၁၈၄ ချက်ဖြင့် တတိယဆုရရှိသော  အေးစုအောင်(ရန်ကုန်) ကိုလည်းကောင်း၊    စုစုပေါင်းရိုက်ချက် ၁၈၂ ချက်ဖြင့် ဒုတိယဆုရရှိသော စုနှင်းဖြူ(ရန်ကုန်)ကိုလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၅၈ချက်ဖြင့် ပထမဆုရရှိသော   မိုးပြည့်စုံခင်(ရန်ကုန်)ကိုလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

ယင်းနောက်   မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးအောင်မြင့်ဦးက အသက် ၁၈ နှစ်အောက် သက်တမ်းတွင်    စုစုပေါင်းရိုက်ချက် ၁၇၂ ချက်ဖြင့် တတိယဆုရရှိသော ဟိန်းနိုင်ဇင် (ရန်ကုန်)ကို လည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၆၂ ချက်ဖြင့် ဒုတိယဆုရရှိသော ကောင်းပြည့်ဖြိုးကျော်  (တောင်ငူ)ကို လည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၆၁ ချက်ဖြင့် ပထမဆုရရှိသော အောင်မင်းသန့် (မော်လမြိုင်)ကို လည်းကောင်း  ဆုများပေးအပ်သည်။

ထို့နောက် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေဥက္ကဋ္ဌ   ဦးကိုကိုအေးက Professional အဆင့်ပြိုင်ပွဲတွင် သတ်မှတ်ရိုက်ချက်ထက်   သုံးချက်လျော့ရိုက်ကာ စုစုပေါင်းရိုက်ချက် ၁၄၁ ချက်ဖြင့် ပထမဆုရရှိသော ကျော်သက်ဦးကို   ဆုပေးအပ်ချီးမြှင့်သည်။

ယခုပြိုင်ပွဲသို့ တောင်ငူ၊ မကွေး၊ ပြင်ဦးလွင်၊ မြိတ်၊  ရွှေဘို၊  မော်လမြိုင်၊  စစ်တွေနှင့် မန္တလေး အစရှိသော ပြည်နယ်/တိုင်းများမှ မျိုးဆက်သစ်လူငယ် ဂေါက်ရိုက်အားကစားသမားများ လာရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။          

MGF GOLF