ကမ္ဘောဒီးယား၌ ရေလွှမ်းမိုးမှုကြောင့် လူ ၁၀၀၀၀ ကျော်ကို ဘေးကင်းရာ ပြောင်းရွှေ့

ဖနွမ်းပင်၊ သဘာဝဘေး

ကမ္ဘောဒီးယားနိုင်ငံ၌  အပူပိုင်းမုန်တိုင်းတစ်ခု တိုက်ခတ်ပြီးနောက်ဖြစ်ပွားသည့် ရေလွှမ်းမိုးမှုကြောင့်  လူပေါင်း ၁၀၀၀၀ ကျော်ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးထားကြောင်း တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၄ ရက်တွင် ပြောသည်။

အဆိုပါ ရေလွှမ်းမိုးမှုသည် နိုင်ငံအတွင်းရှိ ပြည်နယ် ၂၅ ခုအနက် ၁၉ ခုတွင်ဖြစ်ပွားခြင်းဖြစ်ပြီး လူပေါင်း ၁၄၀၀၀၀ ကျော်အပေါ် သက်ရောက်မှုရှိကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်  စီမံခန့်ခွဲရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ခွန်ဆိုခါက ပြောသည်။

ထို့ပြင် ရေလွှမ်းမိုးမှုကြောင့် လယ်မြေဧက ထောင်ပေါင်းများစွာ ပျက်စီးဆုံးရှုံးသည်။ နိုင်ငံ၏ မြို့တော်ဖြစ်သော ဖနွမ်းပင်မြို့၌ ရေလွှမ်းမိုးမှု ဆိုးဆိုးဝါးဝါးမဖြစ်သော်လည်း မြို့၏တောင် ဘက်ပိုင်းရှိ  မိသားစု ၅၀၀ ကို  ရဲတပ်ဖွဲ့က ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးထားသည်။

ကမ္ဘောဒီးယားနိုင်ငံ၌ ယခုလအစောပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းဖြစ်ပြီး လူ ၁၁ ဦးသေဆုံး ထားသည်။ လာမည့်ရက်ပိုင်းအတွင်း နောက်ထပ်အပူပိုင်းမုန်တိုင်း နှစ်လုံးတိုက်ခတ်နိုင်ဖွယ်ရှိ သောကြောင့် ယခုသီတင်းပတ်အကုန်အထိ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ကြောင်း ခွန်ဆိုခါ ကပြောသည်။ ရေလွှမ်းမှုကြောင့် နိုင်ငံအတွင်းရှိ လမ်းမကြီးများနှင့် တံတားများ ပျက်စီးဆုံးရှုံး နိုင်သည့် အန္တရာယ်ကြောင့် ယာဉ်များသွား လာမှုကိုတားမြစ်ထားကြောင်း သိရသည်။

Ref: AP