ဘဝအိပ်မက် ပန်းအိပ်မက် အမှတ်စဉ်(၇၂)

ထို့နောက်    သမီးကြီးမှမွေးသော သူ၏မြေးများ၊ ဟိုမှာနေ ဟိုမှာကြီးပြီး မြန်မာစကားပင်  မတတ်ကြတော့သော

သူ၏မြေးများ၊ မြန်မာနိုင်ငံဟူသည်ကို ကမ္ဘာ့မြေပုံထဲတွင်မြင်လျှင်ပင် ဒါဟာ ငါတို့ရဲ့ဇာစ်မြစ် အမိနိုင်ငံပါလားဟု ယောင်၍ပင် တွေးတောမည် မဟုတ်လေသည့် သူ၏မြေးများ၊ ထိုမြေးများသည် ဟိုနိုင်ငံအသိုင်းအဝိုင်းတွင် နေပျော်နေပြီမို့ ဟိုနိုင်ငံသားတို့နှင့်   လက်ထပ်ထိမ်းမြားကာ ဟိုနိုင်ငံသားလေးများကို မွေးထုတ်ကြတော့မည် ဖြစ်သည်။

ဦးဘပွားဆိုတဲ့   လူကြီးတစ်ယောက်ရဲ့မျိုးဆက်ဟာ ဘာကြောင့်ပျောက်သွားရတယ်ဆိုတာ နှောင်းလူတွေ သိဖို့လိုလိမ့်မယ်

ဦးဘပွားက   အိပ်မက်မက်နေသူလို   မူးယစ်ရီဝေစွာပြောသည်။

အခန်းထဲမှလူများသည်   အားလုံးငြိမ်နေကြသည်။   ဦးဘပွား၏ ရင်ထဲမှဝေဒနာကို ခုမှတစ်စွန်း တစ်စလှမ်းမြင်ပြီး တအံ့တသြဖြစ်နေကြသည်။  ဖြေသိမ့်စကားကိုလည်း မပြောတတ်ကြ၊ သားတွေ သမီးတွေအကုန်လုံး နိုင်ငံခြားရောက်နေ သော  လိုတရနေသည့် လူချမ်းသာကြီးဟု ထင်မှတ်ထားမိသော     ဦးဘပွားကို အထီးကျန်ဟု သိရလေသောအခါ သူတို့ဘာစကားကိုပြော၍ ဘယ်လိုဖြေသိမ့်ရမည်နည်း၊ စဉ်းစား၍ မရကြချေ။

ကဲ-ဒီတော့

ဦးဘပွားက  ပင့်သက်ကိုတစ်ဝကြီး ရှိုက်၍ရှူကာ  အသံကိုမြှင့်လိုက်သည်။

ကိုဦး၏မျက်လုံးများကို တည့်တည့်စူးစိုက် ၍ကြည့်သည်။

မင်းဘဘကြီးအတွက် တစ်ခုခုလုပ် ပေးချင်တယ်ဆိုရင် ကိုယ့်တိုင်းပြည်ကို ချစ်ပါ၊  ကိုယ့်လူမျိုးကိုချစ်ပါ၊ နောက်ပြီး ကိုယ့်အမျိုးကိုလည်းမတိမ်ကော၊ မပျောက်ပျက်ရအောင် စောင့်ရှောက်ပါ၊ ဒါဆိုရင် ဘဘကြီး နောက်နောင်ဘဝအထိ ဝမ်းသာရ စိတ်ချမ်းသာရမှာပါ ကိုဦးက ညင်သာစွာပြုံးသည်။

ဖေဖေတို့မေမေတို့ကလည်း  အခု ဘဘကြီးပြောသလို  အမြဲပြောခဲ့တာ ပါ ဘဘကြီးရယ်၊ ကျွန်တော် ကတိပေး

ပါတယ်၊   ကျွန်တော်တစ်ယောက်တည်းအတွက်သာမကဘူး၊   ကိုတူးအတွက် ကဲကဲအတွက် နောက်ပြီးညီလေးကံကောင်းအတွက်ကိုပါ ဘဘကြီးဖြစ်စေချင်သလို ဖြစ်ရမယ်လို့ ကျွန်တော်ကတိပေးပါတယ်}}

သာဓုဗျာ-သာဓု-သာဓု

ဦးဘပွားက ကြည်နူးစွာ ရေရွတ်သည်။ 

ဆင့်ထားသော  ခေါင်းအုံးများပေါ်သို့ ခေါင်းကိုမှီချလိုက်ကာ မျက်စိကိုစုံမှိတ်ထားလိုက်သည်။ သူ့မျက်လုံးအိမ် တွင် တဝေ့ဝေ့လည်လာသော မျက်ရည်များကို သူများမြင်မှာ စိုးသည့်အတွက်ကြောင့် ဖြစ်သည်။  သို့ပါသော်လည်း မျက်လုံးထောင့်စွန်းမှ သွယ်ပြီးစီးကျလာသော မျက်ရည်များကို သူမထိန်းနိုင်ခဲ့ပေ။

အခုလို   လှဲနေရင်း    ညင်ညင်သာသာလေးသေသွားရင် ဘယ်လောက်များကောင်းလိုက်မလဲ}}ဟု စိတ်ထဲမှ တွေးနေမိသည်။အခုလို စိတ်ချမ်းသာနေတုန်း ကြည်နူးနေတုန်း သူသေလိုက်ချင်သည်။

အန်ကယ်ကြီး-ဆန်ပြုတ်သောက်လိုက်ပါဦး

ကိုကောင်းထက်က ခပ်တိုးတိုးပြောရင်း သူ့ကို အသာအယာထူမပေးသည်။ သူက ဟန်မပျက်ပြန်ထရင်း မျက်နှာကိုမသိမသာပွတ်ကာ မျက်ရည်သုတ်သည်။ စိတ်ထဲတွင် ချမ်းချမ်းမြေ့မြေ့ကြည်ကြည်နူးနူးကြီး ဖြစ်သွား၍   နို့ဆန်ပြုတ်ပူပူနွေးနွေးလေးကို ကုန်အောင်ဆက်၍  သောက်လိုက်နိုင်သည်။

ပရိတ်ရေလေးလည်း သောက်လိုက်ပါဦးဗျ

ဆန်ပြုတ်ကုန်သွားတော့  ဦးထင်က ပရိတ်ရေတိုက်ပြန်သည်။  ဦးဘပွားက တစ်ဖန်ခွက်လုံးကုန်အောင် မော့သောက်ပစ်လိုက်သည်။ ဆန်ပြုတ်ကလည်း စွမ်း၊ ပရိတ်ရေကလည်း  စွမ်း၊  အကြင်နာမေတ္တာတွေကလည်း စွမ်းသောကြောင့်လားတော့မသိ၊ ဦးဘပွားသည် အတော်ကလေးလန်းကာရွှင်လာသည်။

ကျုပ်က ခရီးထွက်ရဦးမှာဆိုတော့

အခန်းထဲမှလူများ ပြန်လည်ထွက်ခွာ မသွားမီ ဦးဘပွားကစကားပြန်စသည်။

သူ့ကိုအမှန်တကယ်ပင် ခရီးရက်ရှည်ထွက်မည်ဟုထင်နေကြသူများကို ကြည့်ကာသူက ခပ်သဲ့သဲ့ပြုံးနေမိသည်။

ကျုပ်ခရီးသွားနေတဲ့အချိန်မှာ သူတို့ရဲ့ဦးလေးတွေ အဒေါ်တွေက ဆွေမျိုး ဝတ္တရားအရ လာခေါ်ကြဦးမှာပဲဗျ၊ ဒါက

တော့ သူတို့ရဲ့ဝတ္တရားပဲလေ

ကျွန်တော်တို့ ဒီမှာပဲနေချင်တယ်

ကိုဦးက   ခပ်တိုးတိုးပြောသည်။

ဦးဘပွားသဘောကျသလိုပြုံးသည်။

ဒါကြောင့်မို့လို့ပေါ့၊ ဘဘကြီး ခရီး သွားတဲ့အခါ မင်းတို့ကို အစစအရာရာ    အုပ်ထိန်းဖို့ စောင့်ရှောက်ဖို့

ဦးဘပွားက  ပရိတ်ရေပုလင်းကြီး ပိုက်ထားသော ဦးထင်ကို လှမ်းကြည့်ကာ အနိုင်ကျင့်သောအသံနှင့်ပြောသည်။

ကျုပ်တော့ ဒီကလေးတွေကို ဦးထင်တို့သားအဖလက်ထဲကိုပဲ အပ်ခဲ့ရမှာပဲဗျ

စိတ်ချပါဗျာ

ဦးထင်က လိုလိုလားလားခေါင်းညိတ်သည်။ ဦးဘပွားအနေနဲ့ အခုလိုပြောစရာပင်မလို၊ သူတို့အားလုံးက ကလေးများကိုသွေးသားအရင်းအချာလို ပြုစုစောင့်ရှောက်ကြမည်သာဖြစ်သည်။ သို့သော် ယခုလို ဖွင့်ဟပြီး အပ်နှံလာပြန်တော့လည်း ကြည်နူးကျေနပ်မိသည်။

ဟုတ်ရဲ့လား မောင်ရင်လေး

ဦးဘပွားက     ခုတင်စွန်းတွင် ခပ်ကျုံ့ကျုံ့ထိုင်နေသော ကိုကောင်းထက်ထံမှ   ထောက်ခံမဲထပ်တောင်းပြန်လေ

သည်။          

 ဆက်လက်ဖော်ပြပါမည်။