မြန်မာ၊ ယူအေအီး၊ ကူဝိတ်၊ မော်ဒိုက်နှင့်ဘာရိန်းနိုင်ငံတို့ကို  SCO တွင် ဆွေးနွေးဖက်နိုင်ငံများအဖြစ်သတ်မှတ်

မြန်မာ၊ ယူအေအီး၊ ကူဝိတ်၊ မော်ဒိုက်နှင့်ဘာရိန်းနိုင်ငံတို့ကို  SCO တွင် ဆွေးနွေးဖက်နိုင်ငံများအဖြစ်သတ်မှတ်

ဥဇဘက်ကစ္စတန်နိုင်ငံ ဆမာခန်းမြို့၌ စက်တင်ဘာ ၁၆ ရက်တွင်ကျင်းပနေသည့် ရှန်ဟိုင်း  ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)ထိပ်သီးညီလာခံ၌   မြန်မာ၊ ယူအေအီး၊ ကူဝိတ်၊ မော်ဒိုက်နှင့် ဘာရိန်းနိုင်ငံတို့ကို  SCO တွင်ဆွေးနွေးဖက်နိုင်ငံများအဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။

ထို့ပြင် အီရန်နိုင်ငံက SCO သို့ အဖွဲ့ဝင်အဖြစ် ပါဝင်သည့် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးကာ ဘယ်လာရုနိုင်ငံကို အဖွဲ့ဝင်နိုင်ငံအဖြစ်သတ်မှတ်သည့် အစီအစဉ်ကိုလည်း အဆိုပါ ထိပ်သီးညီလာခံ၌ လုပ်ဆောင်သည်။

အလားတူ အီဂျစ်နိုင်ငံနှင့် ကာတာနိုင်ငံတို့ကို SCO ၏ ဆွေးနွေးဖက်နိုင်ငံများအဖြစ် အသိအမှတ်ပြုသည့်  နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးမှုကို ထိုညီလာခံ၌ ဆက်လက်လုပ်ဆောင်သည်။

SCO အဖွဲ့ကို နိုင်ငံခြောက်နိုင်ငံဖြင့် ဖွဲ့စည်းကြောင်း ၂၀၀၁ ခုနှစ် ဇွန်လတွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကြေညာခဲ့ခြင်း ဖြစ်သည်။

မူလက တရုတ်၊ ရုရှား၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့နှင့် ဖွဲ့စည်းခဲ့သည့် SCO သည် လက်ရှိတွင် အိန္ဒိယ၊ ပါကစ္စတန်နိုင်ငံတို့ ပါဝင်လာပြီး နိုင်ငံပေါင်းရှစ်နိုင်ငံအထိ ရှိလာပြီဖြစ်သည်။

လက်ရှိလုပ်ဆောင်နေသော ထိပ်သီးညီလာခံတွင်မူ SCO ကို တိုးချဲ့ဖွဲ့စည်းမှု အစီအစဉ်များလည်း ပါဝင်ကာ အဖွဲ့အနေဖြင့် စားနပ်ရိက္ခာဖူလုံရေး (Food Security) အတွက်  အခြေခံသဘောတရားများကို ဖော်ဆောင်မည့် အပြင်   အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းများကို ကိုင်တွယ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဥဇဘက် ကစ္စတန်သမ္မတက ပြောသည်ဟု သိရသည်။

Ref: Tass