(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပစဉ် ကာလအတွင်း လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရန်ဆောင်ရွက်ထားရှိ

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပစဉ် ကာလအတွင်း လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရန်ဆောင်ရွက်ထားရှိ

နေပြည်တော် စက်တင်ဘာ ၁၆

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုကို ယနေ့မွန်းလွဲပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက လျှပ်စစ်ဓာတ်အား ပြည့်ဝစွာစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး ကြိုတင်စီမံ ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဓာတ်အားစဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ ကြံ့ခိုင်ကောင်းမွန်စေရေး လိုအပ်သည်များ ကြိုတင်စီမံဆောင်ရွက်သွားရန်၊  အရေးပေါ်ဓာတ်အား ပြတ်တောက်မှုဖြစ်ပေါ်ပါက လျင်မြန်စွာဓာတ်အားပြန်လည်ရရှိရေးအတွက် အရန်မီးစက်များ ထားရှိရန်၊ အရန်ဓာတ်အားလိုင်းများနှင့် ချိတ်ဆက်နိုင်ရေးကြိုတင်စီမံဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းများကို မိမိတို့ ဆောင်ရွက်ရမည့် တာဝန်များကို စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် စီမံချက်များ ရေးဆွဲ၍ တာဝန်ခွဲဝေသတ်မှတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း  သိရသည်။