နေပြည်တော်၊ သြဂုတ် - ၈
၁။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် မဲဆန္ဒရှင်စာရင်းများကို ၂၅-၇-၂၀၂၀ ရက်နေ့မှ ၇-၈-၂၀၂၀ရက်နေ့အထိ ၁၄ ရက်ကြာ ကပ်ထားကြေငြာခဲ့ပြီး ယခု ၈-၈-၂၀၂၀ ရက်နေ့မှ ၁၄-၈-၂၀၂၀ ရက်နေ့အထိ ၇ ရက်ထပ်မံတိုးမြှင့်ကပ်ထား ကြေငြာသွားမည် ဖြစ်ကြောင်း အသိပေး ကြေငြာခဲ့ပါသည်။
၂။ တပ်မတော်ဌာနချုပ်၊ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးရှိ တပ်တွင်းနေ တပ်မိသားစုဝင် များ၏ မဲဆန္ဒရှင်စာရင်းများ ကပ်ထား ကြေငြာထားမှုကို တပ်မတော်သားများ၊ မိသားစု ဝင်များက သွားရောက်ကြည့်ရှု စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။ အလားတူ တပ်ပြင်နေ တပ်မတော်သား မိသားစုဝင်များ အနေဖြင့်လည်း မဲဆန္ဒရှင်စာရင်း သွား ရောက် ကြည့်ရှုခြင်း၊ စစ်ဆေးခြင်းတို့ကို သက်ဆိုင်ရာ နေရာအလိုက် ပြုလုပ်သွားနိုင်ရေး အသိပေး နှိုးဆော်အပ်ပါသည်။