ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေးလျက်ရှိ

ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု  ကြိုတင်ကာကွယ်နိုင်ရေး အတွက် ကာကွယ်ဆေးများကို မြို့နယ်ကျန်းမာရေးဌာနမှ ထိုးနှံ ပေးလျက်ရှိရာ  စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင်  ဖြူးမြို့နယ် ကညွတ်ကွင်းမြို့၊ ဇေယျဝတီမြို့နှင့် ညောင်ပင်သာကျေးရွာတို့တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ထိုးနှံရာတွင် ကျန်းမာရေး ဆရာမများက အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ချိန်ပေးပြီး ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးထိုးပြီး ပါက  ခေတ္တနားစေခြင်းတို့ကို မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြကြောင်း သိရသည်။