တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှု အခြေအနေများ ဆွေးနွေး

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှု အခြေအနေများ ဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၂၂

အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်သည်   ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန  ဒုတိယဝန်ကြီး၊   အာဆီယံဥက္ကဋ္ဌ၏   အထူးကိုယ်စားလှယ်ရုံး အဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူးက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့်  တွေ့ဆုံဆွေးနွေးမှု အခြေအနေ၊  လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စများအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေး ပြောကြားသည်။

ယင်းနောက် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံး အဖွဲ့ခေါင်းဆောင်က မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စများ၊ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေအပေါ် ဖြေရှင်းနိုင်ရေးကိစ္စများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် နှစ်ဖက် သိရှိလိုသည်များကို အပြန်အလှန် ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။