ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၂၃)

မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်းသို့ ရောက်သည့်နေ့က သံရုံကြီး(အူးတင်းတိုက်ဆောဂျော)အတွင်းတွင် အိပ်ကြရသည်။

မြေခင်းမပါဘဲ ဂဝံကျောက်ခင်းပေါ်တွင်  အိပ်ရခြင်းဖြစ်ရာ မညီမညာ ချွန်ထက်နေသော ဂဝံကျောက်ခဲကလေးများ၏စူးရှ

မှုကြောင့် အိပ်၍မကောင်းသော်လည်း မီးရထားပေါ်တွင်ငုတ်တုတ်ထိုင်၍ ငိုက်မျဉ်းခဲ့ကြရသော  ရဲဘော်အားလုံး လှဲချလိုက်သည်

နှင့် အိပ်ပျော် သွားကြပါတော့သည်။ ထိုညက ဂဝံကျောက်ပေါ်အိပ်ရသည်မှာ အမြည်းမျှသာဖြစ်ပါသည်။ နောင်တွင်  သင်တန်း

အတွင်း ဂဝံကျောက်ပေါ်တွားတက်သွားကြရသောအခါ   တံတောင်ဆစ်များ၊ ဒူးများအရေခွံစုတ်ပြဲပြီး အသားနီလန်သည်

အထိ ဂဝံကျောက်၏ အရသာကို  ခံစားကြရသည်။

ထိုနေ့က နေ့လယ်စာနှင့် ညစာထမင်းအတွက် ထမင်းချက်ရုံသို့ ထမင်းပုံးများ သွားရောက်ယူပြီး စားသောက်ကြရပါသည်။

ထမင်းဟင်းများ အလွန်အရသာရှိကောင်းမွန်လှပါသည်။ ကျောင်းမှ ပထမဆုံးကျွေးသည့် ထမင်းဟင်းများဖြစ်၍ ကောင်းကောင်း

ကျွေးသည်ထင်ပါသည်။

နောက်တစ်နေ့တွင် တပ်ခွဲ(၁)နှင့်တပ်ခွဲ(၂)သို့ သွားရောက်ကြရမည့် ကျောင်းသားစာရင်းများကို နာမည်နှင့်တကွခေါ်ယူပါ

သည်။ တပ်ခွဲ(၁) သို့သွားရောက်ကြရမည့် ကျောင်းသားများစာရင်းတွင် စစ်ကိုင်းသား အတော်များများ ပါသွားကြသော်လည်း ကျွန်တော့်နာမည်မပါသေး၍ အားငယ်မိပါသည်။ တပ်ခွဲ(၂)သို့သွားရောက်မည့် ကျောင်းသားစာရင်းခေါ်သောအခါ တပ်စု(၁)ကုန်သည်အထိ ကျွန်တော်မပါသေးပါ။ တပ်ခွဲ(၂) တပ်စု(၂) အခန်း(၃)စာရင်း

ခေါ်မှကျွန်တော့်အမည်ပါလာသည်။ ကျွန်တော်သွားရမည့်တပ်စု (၂) အခန်း(၃)တွင် ကျွန်တော်နှင့် ရင်းနှီးသူရဲဘော်တစ်ယောက်မှမပါရှိပါ။ တစ်ယောက်မှ ကျွန်တော်မသိပါ။

တပ်ခွဲ(၂) တပ်စု(၂) အခန်း(၃)မှရဲဘော်ကျောင်းသားများကို တစ်ယောက်မှ ကျွန်တော်မသိသလို တစ်ကျောင်းလုံးတွင်လည်း ကျွန်တော်သိကျွမ်းသူဟူ၍ အနည်းငယ်သာရှိပါသည်။ ကျွန်တော်ကဲ့သို့ပင်အခြားရဲဘော်ကျောင်းသားများသည်လည်း

အသိအကျွမ်း မိတ်ဆွေရဲဘော်နည်းပါး ကြမည်သာ ဖြစ်ပါသည်။ ဗိုလ်သင်တန်းသို့ တက်ရောက်လာကြသော ရဲဘော်များသည် မြန်မာနိုင်ငံအတွင်း   ဒေသအသီးသီး၊ မြို့နယ်အသီးသီး နေရာအနှံ့အပြားတွင်မွေးဖွားကြပြီး တပ်ရင်းတပ်ဖွဲ့အမျိုးမျိုးမှ

လာရောက်ကြသူများ ဖြစ်ကြ၍ တစ်ဦးနှင့်တစ်ဦးသိကျွမ်းကြမည်မဟုတ်ပါ။ သို့သော် လည်း ဤနေရာသို့ရောက်ရှိ လာကြသော ရဲဘော်များသည် တိုင်းချစ် ပြည်ချစ် မျိုးချစ်စိတ်ဓာတ်ရှိသူများ ဖြစ်ကြသည်။

ကျွန်ဘဝက လွတ်မြောက်ပြီး လွတ်လပ်သောတိုင်းပြည်အဖြစ် နေလိုသောစိတ်၊ တိုင်းပြည်ကြီးလွတ်လပ်ရေး ရပြီးသောအခါ ကိုယ့်တပ်မတော်နှင့်ကိုယ်နေလိုသောစိတ်၊ တိုင်းပြည်ကိုကာကွယ်လိုသော ရည်ရွယ်ချက်များ တူညီကြသည်။ ရည်ရွယ်ချက်နှင့် စိတ်ဓာတ်တူညီကြသည့်ရဲဘော်များ တစ်နေရာတွင် စုရုံးရောက်ရှိနေကြခြင်းဖြစ်ပါသည်။

ဤနေရာသို့ စုရုံးရောက်ရှိနေကြသော ရဲဘော်များသည် တပ်မတော်သို့ ဝင်ရောက်ကြရန် တစ်ဦးနှင့်တစ်ဦးတိုင်ပင်ကြပြီး ဝင်ရောက်လာကြခြင်းမဟုတ်ပါ။ တစ်ဦးတစ်ယောက်၏ တိုက်တွန်းမှုကြောင့် ဝင်ရောက်လာကြခြင်းမဟုတ်ပါ။ ဤနေရာတွင် တစ်ဦးနှင့်တစ်ဦးတွေ့ဆုံကြရလိမ့်မည်ဟုလည်း မမျှော်လင့်ခဲ့ကြပါ။ သူစိမ်း

တစ်ရံဆံများသာဖြစ်ကြပါသည်။ သို့သော်သင်တန်းကာလအတွင်း ပင်ပန်းခြင်း၊ အစားဆင်းရဲခြင်း၊ အနေဆင်းရဲခြင်း၊ မရှိအတူရှိအတူ၊ အေးအတူပူအမျှ ဆင်းရဲဒုက္ခကို အတူတကွခံစားနေကြရသည့်ကြားမှ ဂျပန်ဆရာများ၏ အနိုင်ကျင့်မှု၊ မတရားရိုက်နှက်မှုများကို ခံကြရသောအခါ စည်းလုံးလာကြသည်။ တစ်ဦးနှင့်

တစ်ဦး ညီရင်းအစ်ကိုထက်မကချစ်သော ရဲဘော်ရဲဘက်များဖြစ်လာကြပါတော့သည်။ ထိုရဲဘော်များသည် ]]နိုင်ငံတော်

အတွက်ဟူသော မွန်မြတ်သည့် တစ်ခုတည်းသောရည်မှန်းချက်သို့    အတူလျှောက်လှမ်းကြရန် အဓိဋ္ဌာန်ပြုခဲ့သူများ ဖြစ်ကြပါသည်။

ကျောင်းသားရဲဘော်များ နေထိုင်ကြရမည့်နေရာများသို့   ဂျပန်အခန်းအုပ်ဆရာများက  ခေါ်ဆောင်သွားပါသည်။

တပ်ခွဲ(၂)ကျောင်းသားများနေထိုင်ရမည့် အဆောက်အအုံမှာ အင်္ဂလိပ်စစ်တပ်စစ်သားများနေထိုင်ခဲ့သည့် နှစ်ထပ်တိုက်(ဘားတိုက်)ဖြစ်ပါသည်။  တပ်ခွဲ(၂)၏ အရှေ့ဘက်တွင်တပ်ခွဲ(၁)ရှိသည်။ တပ်ခွဲ(၁)နှင့် တပ်ခွဲ(၂)တို့သည် မြောက်ဘက်

သို့မျက်နှာမူလျက်ရှိကြသည်။  တပ်ခွဲ(၁)၏ အရှေ့ဘက်၊ ရန်ကုန်-မန္တလေးကားလမ်းနှင့် ကပ်လျက် ပုံစံတူတိုက်တစ်လုံးရှိသည်။

ထိုတိုက်တွင် ထော်ခုဘေးစုဟန်း ခေါ် ဂျပန်ဘုရင့်စစ်တက္ကသိုလ်သို့ သွားရောက်ကြရမည့်   ပထမအပတ်ကျောင်းဆင်းသင်တန်းသားများ အထူးသင်တန်းတက်ရောက်လျက်ရှိကြသည်။  တပ်ခွဲ(၂) ၏ အနောက်ဘက်တွင်   ]]ယွန်းနင်း}} ခေါ်

မူလတန်းစစ်သည်  ကျောင်းသားများ သင်တန်းတက်နေထိုင်သော  တိုက်တစ်လုံးရှိပါသည်။

ကျွန်တော်နေထိုင်ရသော တပ်ခွဲ(၂)တပ်စု(၂) အခန်း(၃)သည် တိုက်၏ အောက်ထပ်၊ အရှေ့ဘက်(လက်ယာဘက်) အစွန်ဆုံးတွင် တောင်နှင့်မြောက်အလျား လိုက်ရှိနေသော အခန်းဖြစ်ပါသည်။ အခန်းတွင်းတွင် နှစ်ပေခန့်မြင့်သောအိပ်စင်ခြေချင်းဆိုင်လျက်ရှိပြီး အလယ်တွင် လူသွားလမ်းရှိသည်။ တန်းစီလျှင် မိမိခြေ

ရင်းသို့ဆင်းပြီး တစ်ဖက်အိပ်စင်မှကျောင်းသားများနှင့် မျက်နှာချင်းဆိုင်တန်းစီရသည်။ အခန်း(၃)တွင် ကျောင်းသားဦးရေ

၂၅ ယောက်ရှိသဖြင့် တစ်ဖက်တွင် ၁၂ ယောက်နှင့် တစ်ဖက်တွင် ၁၃ ယောက်အတွက် အိပ်ရာများ သပ်ရပ်စွာခင်းထားသည်။ ၆ လက်မခန့်ထူသော ကောက်ရိုးမွေ့ရာတွင် ဖြူစင်သန့်ရှင်းသော အိပ်ရာခင်းအဖြူများကိုခင်းထားသည်။ ခေါင်းရင်း

တွင် ညီညာစွာ ခေါက်ထားသော စောင်တစ်ထည်၊ ခြင်ထောင်တစ်လုံးပေါ်တွင် ခေါင်းအုံးတစ်လုံး တင်ထားသည်။

ခေါင်းရင်းနံရံတွင် ဦးထုပ်ချိတ်ရန် ချိတ်တစ်ခုရှိသည်။ နေ့စဉ်ဆောင်းသောဦးထုပ်၊ ခါးပတ်နှင့် ရေဘူးများချိတ်ရန် ဖြစ်သည်။      

ဆက်လက်ဖော်ပြပါမည်။