ရန်ကုန်၊ ဘောလုံး
ရှမ်းယူနိုက်တက်အသင်း၏ မြန်မာ့လက်ရွေးစင် နောက်ခံကစားသမား နန္ဒကျော်အနေဖြင့် ပြည်ပထွက်ကစား လိုပါက ခွင့်ပြုမည်ဖြစ်ကြောင်း ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် ဦးအောင်နိုင်ကပြောသည်။
နန္ဒကျော်သည် ၂၀၁၈ ခုနှစ်က ရှမ်းယူနိုက်တက်အသင်းသို့ နှစ်နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ရာ ယခုလကုန်တွင် ရှမ်း ယူနိုက်တက်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သက်တမ်းတိုးရန် ညှိနှိုင်းထား သော်လည်း ၎င်းအနေဖြင့် ပြည်ပသို့ သွားရောက်ကစားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
“နန္ဒကျော်က အသင်းနဲ့ အောက်တိုဘာလကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။ လက်ရှိမှာ သူက ပြည်ပ ထွက်ကစားချင် တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ ကျွန်တော်ကတော့ ကစားသမား အနေနဲ့ ပြည်ပထွက်ကစားချင်တယ်ဆိုလည်း အားပေးမှာပါ” ဟု ဦးအောင်နိုင်က ပြောသည်။
နန္ဒကျော်သည် မန္တလေး အား/ကာသိပ္ပံမှ ပေါ်ထွက်ခဲ့သည့် ကစားသမားဖြစ်ပြီး ၂၀၁၃ ခုနှစ်က မကွေးအသင်း တွင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ စတင်ခဲ့ကာ ၂၀၁၈ ခုနှစ်က ရှမ်းယူနိုက်တက်အသင်းသို့ ပြောင်း ရွှေ့ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် မကွေးအသင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းပြိုင်ပွဲ ချန်ပီယံဆု တစ်ကြိမ်၊ ရှမ်း ယူနိုက်တက်အသင်းနှင့် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံဆု နှစ်ကြိမ်ရရှိထားသည်။
ကိုရဲ