ဘရန့်ဖို့ဒ်မှ ဆတ်ဒ်ဘန်ရာမာကို ပေါင်သန်း ၃၀ ဖြင့် ဝက်စ်ဟမ်းခေါ်ယူ

လန်ဒန်၊ အပြောင်းအရွှေ့

ဝက်စ်ဟမ်းအသင်းသည် အောက်တိုဘာ ၁၆ ရက်က ဘရန့်ဖို့ဒ်အသင်းမှ တောင်ပံတိုက်စစ်ကစားသမား  ဆတ်ဒ် ဘန်ရာမာကို ပေါင်သန်း ၃၀ ဖြင့်ခေါ်ယူရန် သဘောတူညီမှုရခဲ့ကြောင်းနှင့် ထိုရက်မှာပင် အပြီးသတ် ဆေးစစ်မှုပြုလုပ်ပြီး ပါက စာချုပ်မည့်အကြောင်း အတည်ပြုကြေညာသည်။ ဝက်စ်ဟမ်းသည် အစောပိုင်းက ဘုန်းမောက်အသင်းမှ နော်ဝေ တိုက်စစ်မှူး ဂျိုရှူအာကင်းကို ခေါ်ယူရန် ကြိုးစားခဲ့ပြီး ယခု ဘန်ရာမာကို ခေါ်ယူနိုင်ပြီဖြစ်သည်။

ဘန်ရာမာသည် အသက် ၂၅ နှစ်သာရှိသေးပြီး ပြီးခဲ့သည့် ရာသီက  ချန်ပီယံရှစ်တွင် ၁၇ ဂိုးသွင်းကာ ၁၀ ဂိုး အထိ ဖန်တီးပေးနိုင်ခဲ့သူဖြစ်၍ ဝက်စ်ဟမ်းအသင်းက အနာဂတ်အတွက်ပါ အားထားရသူအဖြစ် ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက အပိုဆုကြေးကိစ္စနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်အတွက် အသေးစိတ် ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရသည်။                           

 Ref:BBC