ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၁၁၃ ဦးထပ်တိုး

နေပြည်တော် အောက်တိုဘာ ၁၆

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန် ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၁၁၃၈ ဦး နှင့် သေဆုံးသူ ၃၄ ဦးထပ်တိုးကြောင်း သိရသည်။

(၁၅-၁၀-၂၀၂၀)ရက်တွင် ဓာတ်ခွဲစစ်ဆေးတွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ ၁၀၂၅ ဦး၏ မြို့နယ် အလိုက်တွေ့ရှိရမှုအခြေအနေကို ယနေ့ညနေ ၅ နာရီခွဲတွင် သတင်းထုတ်ပြန်ခဲ့သည်။ 

(၁၅-၁၀-၂၀၂၀)ရက် ည ၈ နာရီမှ (၁၆-၁၀-၂၀၂၀)ရက်  ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၃၅၁၀ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၁၃၈ ဦးတွေ့ရှိရကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။                                                     

(၅၀၀)