ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သပိတ်ကျင်းတပ်နယ်မှ အရာရှိ၊စစ်သည်၊မိသားစုများ အားတွေ့ဆုံ အမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာ- ၁၇
    
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် သပိတ်ကျင်းတပ်နယ်သို့သွား ရောက်ပြီး တပ်နယ်အားကစားခန်းမ၌ တပ်နယ်မှ အရာရှိ၊စစ်သည်၊မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားသည်။
    
အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီး များ၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကိုကိုဦးနှင့်သပိတ်ကျင်းတပ်နယ် မှ အရာရှိ၊စစ်သည်၊မိသားစုများတက်ရောက်ကြသည်။
    
တွေ့ဆုံပွဲ၌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာတွင် COVID-19 ရောဂါ ဖြစ်ပွားချိန်တွင်ပရိယတ္တိစာပေ ပို့ချပေးနေသော စာသင်တိုက်များ၊ သီလရှင်ကျောင်းများ အပါအဝင် ဆွမ်းကွမ်းဝေယျာဝစ္စခက်ခဲမှုရှိကြသည့် ဘုန်းတော်ကြီး ကျောင်းများအလိုက် ဆွမ်းဆန်တော်၊ဆီ၊ဆား၊ပဲနှင့်လှူဖွယ်ပစ္စည်းများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များက စုပေါင်း၍စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့်တတ်နိုင်သမျှ ဆက်ကပ်လှူဒါန်း လျက်ရှိသည့်အခြေအနေများ၊ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြဋ္ဌာန်းထားသော ပုဒ်မ ၃၄၁ အရ သဘာဝဘေးအန္တရာယ်တစ်ရပ်ဖြစ်သည့် COVID-19   ရောဂါ ကာကွယ်၊ကုသ၊ထိန်းချုပ်ရေးလုပ်ငန်းများကို အမျိုးသားရေးတစ်ရပ်အနေဖြင့် အားသွန် ခွန်စိုက်ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ အရာရှိ၊စစ်သည်၊ မိသားစုများ အဟာရ ပြည့်ဝစွာစားသုံးနိုင်ရေးအတွက် အရန်ရိက္ခာနှင့် အမယ်မျိုးစုံများကို ပါ(၃) လစာအမြဲတမ်း ရှိစေရေး စီစဉ်ဆောင်ရွက်ပေးထားမှုအခြေအနေများ၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပ ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် အရာရှိ၊စစ်သည်၊ မိသားစုများအနေဖြင့် မိမိတို့တစ်ဦးချင်း၏ ဆန္ဒမဲများကို ခိုင်လုံမဲဖြစ်စေရန် ရွေးကောက်ပွဲကော်မရှင်မှ ကြေညာထားသည့် သတ်မှတ်ချက်များကို သိရှိနားလည် အောင်ကြိုတင်ဆောင်ရွက်ရေးနှင့်ပြည်သူ့ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင်လည်း နိုင်ငံတော်နှင့်ဒေသအတွက် အမှန်တစ်ကယ်အကျိုးပြုနိုင်မည့်သူ၊ ဥပဒေပြုရေးအတွက် ဥပဒေမူကြမ်းပြုစု ရေးဆွဲမှုများကို သိရှိနားလည်ပြီးဆောင်ရွက်နိုင်သည့် ပညာအရည်အချင်းရှိသူ၊တပ်မတော်အမျိုးသားနိုင်ငံ ရေးဦးဆောင်မှု အခန်းကဏ္ဍကိုသိရှိနားလည်နိုင်မည့်သူ၊ နိုင်ငံတော်၏အမျိုးသား အကျိုးစီးပွားဖြစ်သည့်ဒို့တာဝန်အရေး(၃)ပါးကိုလက်ခံပြီး လိုက်နာအကောင်အထည် ဖော်နိုင်မည့်ပုဂ္ဂိုလ်အပြင် အမျိုးဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့် ရှောက်ပေးနိုင်မည့်ပုဂ္ဂိုလ်နှင့် ရည်ရွယ်ချက်တစ်ရပ်ရပ်အတွက် နောက်ကွယ်မှပံ့ပိုးပေးခြင်းမှ ကင်းရှင်း သည့်ပုဂ္ဂိုလ်မျိုးကို အခြေခံစဉ်းစား၍ မိမိဆန္ဒမဲကိုထောက်ခံပေးရန် လိုအပ်မည့်အခြေအနေများ၊ လေ့ကျင့်ရေးနှင့်ပတ်သက်၍ သင်ကြားပို့ချရမည့် သင်ခန်းစာများကို မိမိကိုယ်တိုင် ကျွမ်းကျင်ပိုင်နိုင်အောင် အမြဲတမ်းလေ့လာ၊ လေ့ကျင့်၊ လိုက်နာဆောင်ရွက်နေရန် လိုအပ်မှုအခြေအနေများနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှာကြားချက်များ၊ မူဝါဒများကို သိရှိအောင်ဆောင်ရွက်ပြီး  အောင်မြင်အောင် လိုက်နာဖော်ဆောင်ရန် လိုအပ်မည့်် အခြေအနေများကို အသေးစိတ်ရှင်းလင်းမှာကြားသည်။
    
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အဖွဲ့ဝင်များသည် တပ်နယ်မှ အရာရှိ၊စစ်သည်၊မိသားစုများအတွက် စားသောက်ဖွယ် ရာများ၊ သုတ၊ရသ၊စာအုပ်၊စာစောင်များ၊အားကစားပစ္စည်းများနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် Mask များကိုပေးအပ်ရာ တပ်နယ်မှူးနှင့် တာဝန်ရှိသူများက လက်ခံရယူ ကြသည်။ တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများကို ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
    
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့်အဖွဲ့ဝင်များသည် သပိတ်ကျင်းတပ်နယ်ရှိ တပ်မတော်ဆေးရုံသို့သွားရောက်၍ ဆေးရုံတက်ရောက်လျက်ရှိသော စစ်သည်၊ မိသားစုများကို တစ်ဦးချင်းရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှုအခြေအနေများကို လိုက်လံမေးမြန်း အားပေးစကားပြောကြားကာ စားသာက်ဖွယ်ရာများ ပေးအပ်ပြီး ဆေးရုံအတွင်းလိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။