(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဆက်လက်ကျင်းပ
နေပြည်တော် အောက်တိုဘာ ၁၂
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ဗဟိုအဆင့်) ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။
ယခုနှစ်ကျင်းပသည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် မြန်မာတို့၏ ကိုယ်ပိုင်အဖိုးတန်ယဉ်ကျေးမှု ရတနာများဖြစ်သည့် သီချင်းကြီး၊ သီချင်းခံ၊ အဆို၊ အတီးပြိုင်ပွဲများ၊ ကိုယ်ပိုင်အနုပညာစစ်စစ်ဖြစ်သည့် မြန်မာ့ဆိုင်းဝိုင်းကြီးအပါအဝင် မြန်မာ့တူရိယာပစ္စည်းတီးခတ်မှုပြိုင်ပွဲများ၊ ကမ္ဘာသုံးတူရိယာများဖြစ်သည့် စန္ဒရား၊ ဒုံမင်း၊ မယ်ဒလင်၊ တယော၊ ဂီတာ အစရှိသည့်တူရိယာများကို မြန်မာသံမြန်မာဟန်ဖြင့် ယှဉ်ပြိုင်တီးခတ်မည့် ပြိုင်ပွဲများ၊ ခေါင်း၊ ခါး၊ ခြေ၊ လက် အချိုးအဆစ်များနှင့် ငြိမ့်ညောင်းစွာ ကပြကြမည့် အကပြိုင်ပွဲများ၊ မြန်မာအက အခြေခံဖြစ်သည့် ကဗျာလွတ်အကပြိုင်ပွဲများ၊ နှုတ်မှုစွမ်းရည်ပြကွက်စိပ်ပြိုင်ပွဲများ၊ ကမ္ဘာက အလေးအနက်ထားရသည့် မြန်မာ့ရုပ်သေးကြိုးဆွဲပညာ ပြိုင်ပွဲများအပြင် အာရှတိုက်၏ ဒေသတွင်းနိုင်ငံများက အမြတ်တနိုးတန်ဖိုးထားကြသည့် ရာမာယဏပြိုင်ပွဲကြီးကိုလည်း မူရင်းရာမာယဏ ဇာတ်တော်ကြီး၏ တီးလုံးတီးချက်အကအလှများအပြင် မြန်မာ့ဇာတ်သဘင်၏ ဆို၊ ငို၊ ပြောပညာရပ်များနှင့် ပေါင်းစပ်၍ ထူးကဲစွာယှဉ်ပြိုင်လျက်ရှိပြီး ခေတ်အလျှောက် ပေါ်ထွန်းလာခဲ့သည့် ရသမြောက် ခေတ်ဟောင်းတေး/ကာလပေါ်တေးများအပြင် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းများကိုလည်း ခေတ်နားနှင့်ယဉ်ပါးသည့် ခေတ်လူငယ်များသီဆိုယှဉ်ပြိုင်နိုင်ကြရန် ထည့်သွင်းစီစဉ်ထားကြောင်း သိရသည်။
ယနေ့တွင် မဟာဂီတ တေးသီချင်းအဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂) Banquet Hall ၌ ကျင်းပရာ ဝါသနာရှင်အဆင့်(ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က မင်းခမ်းတော်စုံ(သီချင်းခံ)ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်နှင့်ရန်ကုန်တိုင်းဒေသကြီးတို့မှပြိုင်ပွဲဝင်များက ပန်းမှုန်ကြွယ်(ယိုးဒယား)ဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှပြိုင်ပွဲဝင်က သီတင်းကျွတ်လဘွဲ့ (ပဒေသာ)ဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် မွန်ပြည်နယ်မှပြိုင်ပွဲဝင်က သေနင်္ဂမည်(ပတ်ပျိုး) ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်မှ ပြိုင်ပွဲဝင်က ဖန်ထွေလာ(မွန်) ဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှပြိုင်ပွဲဝင်များက ထွန်းလင်းလျှံလက် (ပတ်ပျိုး)ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက ခါနွေဆန်း (ယိုးဒယား)ဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)အမျိုးသားပြိုင်ပွဲတွင် ရခိုင်ပြည်နယ်မှ ပြိုင်ပွဲဝင်က အောင်မြေမြမန်း (ပတ်ပျိုး)ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှပြိုင်ပွဲဝင်က ပန်းဟေဝန်(ယိုးဒယား)ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက ဘုန်းမိုးသွန်းလောင်း(သီချင်းခံ)ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက မြိုင်ခြေတစ်ခွင်(ပတ်ပျိုး)ဖြင့် လည်းကောင်း သာယာငြိမ့်ညောင်းသည့် မြန်မာ့ဂီတရသကို ဖော်ကျူးသီဆိုယှဉ်ပြိုင်ကြသည်။
ကာလပေါ်တေးသီချင်း အဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Signing Room ၌ကျင်းပရာ ဝါသနာရှင်အဆင့်(ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက မေ့အချစ်မြား သီချင်းဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်မှ ပြိုင်ပွဲဝင်က သူကလေးသီချင်းဖြင့် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က စိမ့်ကြီးမြိုင်ကြီး သီချင်းဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က ဆိပ်ကမ်းသာ သီချင်းဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က ဘုံဓမ္မတာသီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှပြိုင်ပွဲဝင်များက စိမ်းစိုမြမှိုင်း သီချင်းဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက မိုးရေစက်ကလေးဥပမာတင် သီချင်းဖြင့်လည်းကောင်း၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက ဂီတပရိယာယ် သီချင်းဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှပြိုင်ပွဲဝင်များက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သီချင်းဖြင့်လည်းကောင်း ဖော်ကျူးသီဆိုယှဉ်ပြိုင်ကြသည်။
အကပြိုင်ပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၊ လေ့ကျင့်ရေးဇာတ်ရုံနှင့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Plenary Hall တို့၌ကျင်းပရာ ရုပ်စုံသဘင်အဖွဲ့လိုက် ဝါသနာရှင်အဆင့်(ပထမတန်း)ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြုတော်ဝင်ရုပ်စုံအမြင့်သဘင်အဖွဲ့က ငါးပါဒအက္ခရာ ဇာတ်တော်ကြီးဖြင့်လည်းကောင်း၊ ရာမာယဏ ဇာတ်တော်ကြီး ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု သီရိရာမ ဇာတ်တော်ကြီးအဖွဲ့ကလည်းကောင်း၊ အဆင့်မြင့် ပညာအဆင့် (အမျိုးသား) ပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကလည်းကောင်း၊ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကလည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြိး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက လည်းကောင်း ကကြိုးကကွက်စုံလင်စွာဖြင့် ယှဉ်ပြိုင်ကြသည်။
အရေးပြိုင်ပွဲ၏ သီချင်းသံစဉ်ကိုက်ညှိလေ့ကျင့်ခြင်းကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုး သမီးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက ပညာပြည့်ဝနှလုံးလှ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဝါသနာရှင် အဆင့်(ဒုတိယတန်း)ပြိုင်ပွဲတွင် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက မွေခံထိုက်စေ ခေါင်းစဉ်ဖြင့်လည်းကောင်း ရသစုံလင်စွာသံစဉ် ထည့်သွင်းဖော်ကျူး ယှဉ်ပြိုင်ကြသည်။
စောင်းအတီးပြိုင်ပွဲကို အမျိုးသားပြတိုက်(နေပြည်တော်)ရှိ Mini Theatre ၌ကျင်းပရာ ဝါသနာရှင် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက တေဇဂုဏ်(ဘွဲ့)ဖြင့်လည်းကောင်း၊ ချင်းပြည်နယ်မှ ပြိုင်ပွဲဝင်က တောမြိုင်ခြေလှမ်း (ယိုးဒယား)ဖြင့် လည်းကောင်း၊ ဝါသနာရှင် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ရခိုင်ပြည်နယ်မှ ပြိုင်ပွဲဝင်က တေဇဂုဏ်(ဘွဲ့) ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက မဲဇာတောင်ခြေ(ပတ်ပျိုး)ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က ရွှေဘုန်းရွှေဘုန်းတော် (ကြိုး)ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက ယသော်ဓရာ (ယိုးဒယား)ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက ရှုတိုင်းသာစွ (ကြိုး)ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်မှ ပြိုင်ပွဲဝင်များက နန်းဘုံသီဟာဗွေ(ယိုးဒယား)ဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်များက မင်္ဂလာသီရိ(ဘွဲ့)ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်များက ရှုတိုင်းသာစွ (ကြိုး)ဖြင့် လည်းကောင်း၊ စစ်ကိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က မင်္ဂလာသီရိ(ဘွဲ့)ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှပြိုင်ပွဲဝင်က နန်းဘုံသီဟာဗွေ (ယိုးဒယား)ဖြင့်လည်းကောင်း ငြိမ့်ညောင်းသာယာစွာ တီးခတ်ယှဉ်ပြိုင်ကြသည်။
ဆိုင်းအဖွဲ့အလိုက် အတီးပြိုင်ပွဲကို အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကလည်းကောင်း၊ အဆင့်မြင့်ပညာအမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကလည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည် နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကလည်းကောင်း၊ အခြေခံ ပညာအဆင့် (အသက် ၁၀ နှစ်မှ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက လည်းကောင်း မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်ယှဉ်ပြိုင်ကြသည်။
ဆိုင်းတစ်ဦးချင်း အတီးပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ (လေ့ကျင့်ရေးဇာတ်ရုံ)၌ကျင်းပရာ အခြေခံပညာအဆင့် (အသက်၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက လာချေပြီ(ကြိုး)ဖြင့် လည်းကောင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက ဇေယျာမြို့(ကြိုး)ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက ကုဏ္ဍလာအိုင် (ယိုးဒယား)ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က မိုးလုံးပတ်လည် (ပတ်ပျိုး)ဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း)အမျိုးသားပြိုင်ပွဲတွင် ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက အမင်းမင်းခရ (သီချင်းခံ)ဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက တောနှင့်တောင်စွယ် (ယိုးဒယား)ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက ရှစ်စုံရွက်ကြာ (ပတ်ပျိုး)ဖြင့်လည်းကောင်း တီးခတ်ယှဉ်ပြိုင်ကြသည်။
စန္ဒရားအတီးပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) News Briefing Room ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း)အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက စာဆိုခံလလုံး သီချင်းဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက သောင်းရွှေလယ် (ယိုးဒယား)ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း) အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက မဲဇာရွှေလီ သီချင်းဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက ဂန္ဓမာတောင် (ဘွဲ့)ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက တောနှင့်တောင်စွယ် (ယိုးဒယား)ဖြင့်လည်းကောင်း၊ အခြေခံ ပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက ကန္တာလေတောခြေ (ယိုးဒယား)ဖြင့်လည်းကောင်း၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက မိုးလုံးပတ်လည် (ပတ်ပျိုး)ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက တမာလမ်း သီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက တမာလမ်း သီချင်းဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက ကန္တာလေတောခြေ (ယိုးဒယား)ဖြင့်လည်းကောင်း ယှဉ်ပြိုင်ကြသည်။
ယနေ့ပြိုင်ပွဲများကျင်းပရာ နေရာအသီးသီးသို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ လူမှုရေးဝန်ကြီးများ၊ ဥပဒေချုပ်များ၊ တာဝန်ရှိသူများ၊ သဘင်ပညာရှင်များနှင့် အနုသုခုမကိုစိတ်ဝင်စားကြသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ဘာသာရပ်များအနေဖြင့် အဆိုဘာသာရပ်တွင် အဆင့်အားလုံး ပါဝင်ယှဉ်ပြိုင်နိုင်သည့် မဟာဂီတအဆိုပြိုင်ပွဲ၊ ခေတ်ဟောင်းတေး/ကာလပေါ်ပြိုင်ပွဲ၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း)နှင့် အဆင့်မြင့်ပညာအဆင့်တို့ ပါဝင်ယှဉ်ပြိုင်နိုင်သည့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်း အဆိုပြိုင်ပွဲများ ပါဝင်သည်။
အကပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး အဆင့်အားလုံး ပါဝင်ယှဉ်ပြိုင်နိုင်သည့် အကပြိုင်ပွဲ၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) ပါဝင်ယှဉ်ပြိုင်နိုင်သည့် မြန်မာအကအခြေခံကဗျာလွတ်အက (ပထမအဆင့်) အမျိုးသမီး ၁၆ ဦး ယိမ်းပြိုင်ပွဲ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ တိုင်းရင်းသား ရိုးရာအက/ကျေးလက်ရိုးရာအကပြိုင်ပွဲ၊ မွန်တိုင်းရင်းသားရိုးရာအကပြိုင်ပွဲတို့ ပါဝင်ကြောင်းနှင့် ဇာတ်တော်ကြီးပြိုင်ပွဲတွင် ဝါသနာရှင်အဆင့် (ပထမတန်း) အနေဖြင့် ရာမာယဏ ဇာတ်တော်ကြီးကို ယှဉ်ပြိုင်ကပြကြရမည်ဖြစ်ကြောင်း သိရသည်။