ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၃၆)

လေးပေပစ်မှတ်ကိုပင်  မထိ၍ အလံနီကို ဝှေ့ယမ်းအပြခံရလျှင် ပို၍ပင်အရိုက်ခံရ၊ အပြစ်ပေးခံရသည်။ အလံနီထွက်ပေါ်လာလျှင်

စစ်ကြိုခေတ် အင်္ဂလိပ်တပ်(ဘီအမ်ပီ)မှ စစ်သားဟောင်းကြီး ကိုအေးက လှကလေးစိန် ထွက်လာပြီဟေ့ ဟုအော်တတ်သည်။ ကျွန်တော်တို့လည်း ဘုမသိဘမသိ အလံနီပေါ်လာလျှင် လှကလေးစိန် ဟု အော်ရတာပျော်သည်။ သို့သော် ခေါင်း

အခေါက်ခံရသော ရဲဘော်ကတော့မပျော်ရှာပါ။  (စစ်ကြိုခေတ် နာမည်ကျော်အငြိမ့်မင်းသမီး လှကလေးစိန်)သည်    စစ်သားကြီးများ၏

အသည်းစွဲဖြစ်သည်။   သို့ဖြစ်၍ စက်ပစ်ကွင်းအလံနီပေါ်လာလျှင် လှကလေးစိန် ဟု ချစ်စနိုးပြောင် လှောင်ခေါ်ကြခြင်း ဖြစ်ပါသည်။

ဒဏ်ပေး၊ အပြစ်ပေးသည့်အနေဖြင့် ရော်ဘာတောကို ပတ်၍ပြေးရသည်မှာလည်း အခေါက်ပေါင်းမရေတွက်နိုင်တော့ပါ။ နောက်တစ်ကြိမ်

သေနတ်ပစ် ကြရသောအခါ ကျွန်တော်တို့ ပညာတတ်လာကြပါသည်။

စက်ပစ်ကွင်းသို့မသွားမီ ကျောင်းသားရဲဘော်များညှိထားကြသည်။ ပစ်မှတ်တွင်တာဝန်ကျသော ကျောင်းသားများ

က   ဂျပန်ဆရာများမမြင်အောင် ပစ်မှတ်တွင်  အမှတ်ကောင်းသော နေရာများ၌ ခဲတံဖြင့်အပေါက်ဖောက်၍ အမှတ်ပြည့်ရအောင် လုပ်ပေးကြ

သည်။  ဤပညာမှာ ဆရာမသင်ရဘဲ အလိုလိုတတ်လာသောပညာဖြစ်ပါသည်။

စက်သေနတ်ကြီးသည် ချီတက်ရာတွင်မြင်းပေါ်တင်၍ ချီတက်ရသော  လက်နက်ကြီးဖြစ်ပါသည်။

သို့ဖြစ်၍ စက်သေနတ်ကြီးတပ်စုမှာ ကျောင်းသားများကို မြင်းနှင့်အကျွမ်းဝင်အောင် လေ့ကျင့်ပေးပါသည်။ မြင်းခွာခြစ်ခြင်း၊  ခွာရိုက်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ မြင်းချေးကျုံးခြင်း၊   မြင်းစာကျွေးခြင်း၊ မြင်းထိန်းခြင်း စသောအခြေခံမှစ၍

မြင်းစီးကျွမ်းကျင်သည်အထိ သင်ကြားပေးပါသည်။

စက်သေနတ်ကြီးတပ်စုမှ ကျောင်းသားများသည် မြင်းဇောင်းတွင် အလှည့်ကျတာဝန်ယူရသည်။ အဆိုပါတာဝန်ကို ]]အူမယားတောဘန်း}}

ဟု ခေါ်ပါသည်။  အူမယားတောဘန်းတာဝန်ကျသူများ မြင်းဇောင်းတွင် အိပ်ရသည်။  မြင်းများနှင့်ရင်းနှီးအောင်နေရသည်။ သို့သော်

အူမယားတောဘန်း တာဝန်ကျသော ရဲဘော်ကျောင်းသားများသည် မကောင်းသည့်အတတ်ပညာများတော့ တတ်လာကြသည်။ထိုပညာ

ထဲမှတစ်ခုမှာ မြင်းကိုကျွေးရမည့် ရိက္ခာထဲမှ ကုလားပဲလုံးများကို ပြုတ်၍စားကြခြင်းဖြစ်သည်။ ဤသို့စားကြသည်မှာ စက်သေနတ်ကြီးတပ်စုမှ ရဲဘော်များသာမဟုတ်ပါ။

ကင်းကြီးကျသော   ရဲဘော်ကျောင်းသားများလည်း ကင်းလှည့်ရင်း ဝင်ရောက်စားသောက်ကြပါသည်။ ကုလားပဲပြုတ်မှာ စား၍

အလွန်ကောင်း၊ အလွန်အရသာရှိပါသည်။ မြင်းသည် စစ်မြေပြင်တွင် ရဲဘော်များနှင့်အတူ ဆင်းရဲဒုက္ခခံစားဖော်ခံစားဖက်၊  သေဖော်

သေဖက်  ရဲဘော်ပင်ဖြစ်ပါသည်။

ငတ်နေသောအချိန်တွင်မစဉ်းစားမိ၍ လုပ်မိကြသော်လည်း မသိနားမလည်သော ရဲဘော်မြင်း၏ ရိက္ခာကို ခေါင်းပုံဖြတ်ခိုးယူမိလေခြင်းဟူ

သောနောင်တတရားကို နောင်တွင်ရမိပါသည်ဟု    ဝန်ခံအပ်ပါကြောင်း။    ။

ဂျပန်ခေတ် မင်္ဂလာဒုံဗိုလ်သင်တန်း

ကျောင်း (တတိယပိုင်း)

ဂျပန်ခေတ်    မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်း တပ်ခွဲ(၂)တပ်စု(၂)သည် စက်သေနတ်ကြီးတပ်စုဖြစ်ပါသည်။ တပ်စုတစ်စုတည်းဖြစ်

သော်လည်း အခန်းနှစ်ခန်းခွဲ၍နေကြရပါသည်။    အခန်း(၃)တွင်ကျောင်းသား ၂၅ ယောက်ရှိပြီး အခန်း(၄)တွင် ကျောင်းသား ၂၉ ယောက်ရှိပါသည်။

ကျွန်တော်နေရသောအခန်းမှာ အခန်း(၃)ဖြစ်ပါသည်။ အခန်း(၃)တွင် ကျွန်တော်နှင့်အတူ ခြောက်လတာသင်တန်းတက်ရမည့် ကျောင်းသားရဲဘော် ၂၄ ယောက်ရှိပါသည်။ အခန်းတွင်   အတူနေကြရမည့်

ကျောင်းသား ၂၅ ယောက်တို့သည် ယခင်က တစ်ဦးနှင့်တစ်ဦး သိကျွမ်း ခင်မင်ရင်းနှီးခဲ့ကြသူများမဟုတ်ကြပါ။  သို့သော် ကျွန်တော်တို့သည် တိုင်းပြည်ကြီး    ကျွန်ဘဝမှလွတ်မြောက်လိုသောစိတ်၊ ွတ်လပ်သောတိုင်းပြည်တွင်  ကိုယ့်

တပ်မတော်နှင့် ကိုယ် နေလိုသော  ရည်မှန်းချက် တူညီသူများဖြစ်ကြသည်။ ထို့ပြင် သင်တန်းကာလအတွင်း ပင်ပန်းခြင်း၊ အစားဆင်းရဲခြင်း၊ အနေဆင်းရဲခြင်း၊ မရှိအတူရှိအတူ၊ အေးအတူပူအမျှ၊ ဆင်းရဲဒုက္ခကို အတူတကွခံစားနေရသည့်

ကြားမှ ဂျပန်ဆရာများ၏ မတရားရိုက်နှက်မှုများကို ခံကြရသောအခါ တစ်ဦးနှင့်တစ်ဦး ညီအစ်ကိုအရင်းထက်မကချစ်သော ရဲဘော်ရဲဘက်များဖြစ်လာကြသည်။ တိုင်းပြည်အတွက်ဟူသော မွန်မြတ်သည့်

ရည်မှန်းချက်သို့ အတူလက်တွဲလျှောက်လှမ်းကြရန် အဓိဋ္ဌာန်ပြုခဲ့ကြလေသည်။

အခန်း(၃) ရဲဘော်ကျောင်းသားများသည် မြန်မာပြည်နေရာအနှံ့မှ အစိုးရအမှုထမ်းများ၊ ကုန်သည်များ၊ တောင်သူလယ်သမားများ အစရှိ

သော လူတန်းစား အသီးသီး၊ အလွှာအမျိုးမျိုး၊ ဘဝအဖုံဖုံမှ ပေါက်ဖွားလာကြသော ကျောင်းနေဆဲ၊ ပညာကို ဆုံးခန်းတိုင်မသင်ရဘဲ  ပညာတစ်ပိုင်းတစ်စဖြင့် အရေးကြုံ၍ တပ်မတော်သို့ ဝင်ရောက်လာကြသူများ ဖြစ်ကြပါသည်။  

 

     ဆက်လက်ဖော်ပြပါမည်