တိုကျို၊ ကျန်းမာရေး
ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေသော နိုဗယ်ကိုရိုနာဗိုင်းရပ်သည် လူ့အရေပြားပေါ်တွင် ကိုးနာရီကြာ အသက်ရှင် နိုင်ကြောင်းနှင့် ထို့အတွက်ကြောင့် ကမ္ဘာ့ကပ်ရောဂါကို တိုက်ဖျက်နိုင်ရေးအတွက် လက်ကိုမကြာခဏ ဆေးရန်လိုအပ်ကြောင်း ဂျပန်သုတေသီများက ပြောသည်။
တုပ်ကွေးရောဂါကိုဖြစ်စေသည့် ရောဂါပိုးသည်ပင် လူ့အရေပြားပေါ်တွင် ၁ ဒသမ ၈ နာရီမျှသာအသက် ရှင်ကြောင်း ဂျပန်သုတေသီများက နှိုင်းယှဉ်ပြထားသည်။
ကိုရိုနာဗိုင်းရပ်က လူ့အရေပြားပေါ်တွင် ကိုးနာရီကြာ အသက်ရှင်ခြင်းသည် လူအချင်းချင်းထိတွေ့ ဆက်ဆံ ပါက တစ်ဦးထံမှ တစ်ဦးသို့ ရောဂါပိုးကူးစက် ပျံ့နှံ့နိုင်ခြေကို ပိုမိုမြင့်တက်စေပြီး ဖြစ်ပွားနေသည့် ကပ်ရောဂါကို ပိုဆိုးစေနိုင်ကြောင်း သုတေသီများက ပြောသည်။
ဂျပန်သုတေသီများသည် ကိုဗစ်-၁၉ ရောဂါကြောင့် ကွယ်လွန်သွားသူ၏ အရေပြားနမူနာကို ထိုသူကွယ် လွန်ပြီးနောက် တစ်ရက်ကျော်အကြာတွင် ရယူသုတေသနပြုခြင်း ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်နှင့် တုပ်ကွေးဗိုင်းရပ် နှစ်မျိုးစလုံးသည် လက်သန့်စင်ဆေးများတွင် ထည့်သွင်းအသုံးပြုသည့် အရက်ပြန်များဖြင့် ထိတွေ့မိပါက ၁၅ စက္ကန့် အတွင်းသေဆုံးသွားနိုင်ကြောင်း သိရသည်။
ထို့ကြောင့် လူပေါင်းသန်း ၄၀ ကျော်ကို ကူးစက်စေသည့် ကိုဗစ်-၁၉ ရောဂါကိုထိန်းချုပ်နိုင်ရေးအတွက် လက်ကို မကြာခဏဆေးရန် တိုက်တွန်းထားသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လမ်းညွှန်ချက်ကို ယခု သုတေသနက ထပ်လောင်းထောက်ခံထားကြောင်း သိရသည်။
Ref: TST