တရုတ်ကွန်မြူနစ်ပါတီက ခေတ်သစ်တွင် အံ့သြဖွယ်ရာအသစ်များကို ဖန်တီးနိုင်စွမ်းရှိဟု ရှီကျင့်ဖျင်ပြော
တရုတ်ကွန်မြူနစ်ပါတီ (CPC) အနေဖြင့် ခေတ်သစ်၏ခရီးလမ်းအသစ်တွင် အသစ်ဖြစ်သော ကြီးမားလှသည့် အံ့သြ ဖွယ်ရာများကို ဖန်တီးနိုင်စွမ်းရှိကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က အကြိမ် ၂၀ ပြည့် CPC အမျိုးသားကွန်ဂရက်ပိတ်ပွဲအခမ်းအနား၌ ပြောသည်။
အမျိုးသားကွန်ဂရက်အခမ်းအနားကို သီတင်းပတ်တစ်ပတ်ကြာကျင်းပခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၂၂ ရက်တွင် ပြီးဆုံးခြင်းဖြစ်သည်။
CPC ကွန်ဂရက်သည် စည်းလုံးမှုအတွေးအခေါ်၊ အားဖြည့်ထားသည့်ယုံကြည်မှု၊ စနစ်တကျရေးဆွဲထားသည့် လမ်းကြောင်းနှင့် အားပေးမြှင့်တင်ထားသည့် စိတ်ဓာတ်တို့ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ရှီကျင့်ဖျင်ကပြောသည်။
ကွန်ဂရက်မှာချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေ၊ အစီအစဉ်တွေနဲ့ ထွက်ပေါ်လာတဲ့ ရလဒ်တွေဟာ ခေတ်သစ်ဆိုရှယ်လစ် နိုင်ငံတော်ကြီးကို တည်ဆောက်ရာမှာ၊ ဘက်ပေါင်းစုံကနေ နိုင်ငံတော်ကို သွေးသစ်လောင်းရာမှာ၊ တရုတ်နည်း တရုတ်ဟန်ဆိုရှယ်လစ်ဝါဒအတွက် အောင်မြင်မှုများဖန်တီးရာမှာ မိမိတို့ရဲ့ လုပ်ဆောင်မှုများကို လမ်းညွှန်မှုနဲ့ ကျောထောက်နောက်ခံပြုမှုတို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်လာမှာပါဟု ရှီကျင့်ဖျင်ကဆက်ပြောသည်။
ယခုပြုလုပ်သည့် CPC ကွန်ဂရက်တွင် ၁၉ ကြိမ်မြောက် CPC ဗဟိုကော်မတီ၏ တင်ပြမှုအပေါ် ဆုံးဖြတ်ချက်၊ ၁၉ ကြိမ်မြောက် စည်းကမ်းထိန်းသိမ်းရေးဗဟိုကော်မရှင်၏လုပ်ငန်းတင်ပြချက်အပေါ် ဆုံးဖြတ်ချက်နှင့် CPC ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဆုံးဖြတ်ချက်တို့ကို အတည်ပြုနိုင်ခဲ့သည်။
ထို့ပြင် ကွန်ဂရက်သည် ဃဏဃ ဗဟို ကော်မတီအဖွဲ့ဝင်အသစ်များ၊ စည်းကမ်းထိန်းသိမ်းရေး ဗဟိုကော်မရှင် အဖွဲ့ဝင်အသစ်များကိုလည်း ရွေးချယ်တင်မြှောက်သည်။
ဗဟိုကော်မတီတွင် အမြဲတမ်းအဖွဲ့ဝင် ၂၀၅ ဦးနှင့် အလှည့်ကျအဖွဲ့ဝင် ၁၇၁ ဦး၊ စည်းကမ်းထိန်းသိမ်းရေး ဗဟိုကော်မရှင်တွင် အဖွဲ့ဝင် ၁၃၃ ဦးတို့ပါဝင်ကြောင်း သိရသည်။
Ref: CGTN