ဂျာမနီနိုင်ငံ၏ ကုန်ထုတ်လုပ်မှုစရိတ် နှစ်ပေါင်း ၇၀ အတွင်း အမြင့်ဆုံးဖြစ်လာ

ဂျာမနီနိုင်ငံ၏ ကုန်ထုတ်လုပ်မှုစရိတ် နှစ်ပေါင်း ၇၀ အတွင်း အမြင့်ဆုံးဖြစ်လာ

ဂျာမနီနိုင်ငံ၏ ကုန်ထုတ်လုပ်မှုစရိတ်သည် နှစ်ပေါင်း ၇၀ အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာသည့် အတွက် ကုန်ထုတ်လုပ်သူများ အနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များကို ဈေးနှုန်းများ တိုးမြှင့်လိုက်ရကြောင်း သိရ သည်။

ကုန်ထုတ်လုပ်သူများသည် စက်တင်ဘာ လအတွင်း ၎င်းတို့၏ ထုတ်ကုန်များကို ၅၀ ရာခိုင်နှုန်း နီးပါးအထိ ဈေးနှုန်းများတိုးမြှင့် လိုက်ရခြင်းဖြစ်ပြီး သြဂုတ်လတွင်လည်း အလားတူ တိုးမြှင့်ခဲ့ရဖူးသည်။

ပြီးခဲ့သည့်နှစ်  အလားတူကာလနှင့် နှိုင်းယှဉ်ပါက  စက်တင်ဘာလအတွင်း ကုန်ထုတ်လုပ်သူများက ၎င်းတို့၏ ထုတ်ကုန်များအတွက် တိုးမြှင့်လိုက်ရသည့် ဈေးနှုန်း သည် ၄၅ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး ထိုပမာဏသည် သြဂုတ်လကထက် ၂ ဒသမ ၃ ရာခိုင်နှုန်း ပိုမိုများပြားသည်ကို တွေ့ရသည်။

စွမ်းအင်ဈေးနှုန်းများ မြင့်တက်မှုက ထုတ်ကုန်ဈေးနှုန်းများကို တိုးမြှင့်ရခြင်း၏ အဓိက အကြောင်းရင်းဖြစ်ကြောင်း ဂျာမနီ ဗဟိုစာရင်းအင်းရုံးက ထုတ်ပြန်ထားသည်။

ထို့ပြင် ကုန်ပစ္စည်းများကို တစ်ဆင့်ပြန်ယူ ဖြန့်ဖြူးသူများအတွက် လျှပ်စစ်ဓာတ်အား ကုန်ကျစရိတ်မှာ ပြီးခဲ့သည့်နှစ်ကထက် ၂၅၉ ဒသမ ၈ ရာခိုင်နှုန်းပိုများလာကြောင်း အဆိုပါရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ကုန်ထုတ်လုပ်သူများ၏ ထုတ်ကုန်ဈေးနှုန်း များဆိုသည်မှာ စက်ရုံထုတ်ဈေးနှုန်းများကို ဆိုလိုခြင်းဖြစ်ပြီး အထွေထွေ ကုန်ဈေးနှုန်း မြင့်တက်ရခြင်း၏ အဓိက အကြောင်းရင်းဖြစ်သည်။ ဂျာမနီနိုင်ငံ၏ စက်တင်ဘာလ အတွက် ကုန်ဈေးနှုန်းဖောင်းပွမှုမှာ ၁၀ ရာခိုင်နှုန်းအထိ ရှိလာကြောင်း သိရသည်။