မကွေးမြို့နယ် လက်ပံရွာသစ်ကျေးရွာ၌ စက်ရေတွင်းတူးဖော်နေမှု အခြေအနေကို ကွင်းဆင်းစစ်ဆေး

မကွေးမြို့နယ် လက်ပံရွာသစ်ကျေးရွာ၌ စက်ရေတွင်းတူးဖော်နေမှု အခြေအနေကို ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး    မကွေးခရိုင်ကျေးလက်ဒေသ  ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ    မကွေးမြို့နယ်   လက်ပံရွာသစ် ကျေးရွာ၌  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မူလခွင့်ပြုငွေဖြင့်   စက်ရေတွင်း   တူးဖော်ဆောင်ရွက်နေမှု အခြေအနေကို   အောက်တိုဘာ  ၂၄  ရက်တွင်  တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကြီး၊ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန   ဦးစီးမှူး  ဒေါ်တင်တင်စိုးနှင့် တာဝန်ခံအင်ဂျင်နီယာ   ဝန်ထမ်းများကကျေးရွာရေရရှိရေး  ကော်မတီဝင်များနှင့်အတူ    စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို  ကြည့်ရှုစစ်ဆေးပြီး      သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေး  ဆွေးနွေးမှာကြားသည်။

အဆိုပါ စက်ရေတွင်းသည် အကျယ် ၄ လက်မ၊ အနက် ပေ ၈၀၀ တူးဖော်ခြင်း၊ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ ချိန်းလင့်ကာရံခြင်းလုပ်ငန်းကို     ၂၀၂၂-၂၀၂၃   ဘဏ္ဍာနှစ်တွင်   မူလခွင့်ပြုငွေငွေကျပ်  ၃၅  ဒသမ  ၀၈၅  သန်းဖြင့် တင်ဒါအောင်မြင်သည့်    Dear Brains ကုမ္ပဏီက  သြဂုတ်ဒုတိယပတ်မှ  စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ၅၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ငန်းအားလုံး    ဆောင်ရွက်ပြီးစီးပါက လက်ပံရွာသစ်ကျေးရွာရှိ အိမ်ခြေ ၁၆၂ အိမ်၊ လူဦးရေ ၇၃၁ ဦးနှင့် ကျွဲ၊ နွားတိရစ္ဆာန်များအတွက်    နွေရာသီကာလ သောက်သုံးရေရှားပါးသည့် ပြဿနာများကို ဖြေရှင်းပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။                 

ကိုလှိုင်