ဗီယက်နမ်ရှိ အကြီးဆုံးရေနံချက်စက်ရုံက ဈေးကွက်လိုအပ်ချက် ပြည့်မီစေရေး စက်စွမ်းအား အပြည့်လည်ပတ်မည်

ဗီယက်နမ်ရှိ အကြီးဆုံးရေနံချက်စက်ရုံက ဈေးကွက်လိုအပ်ချက် ပြည့်မီစေရေး စက်စွမ်းအား အပြည့်လည်ပတ်မည်

ဗီယက်နမ်နိုင်ငံရှိ  အကြီးဆုံးရေနံချက် စက်ရုံက ပြည်တွင်းဈေးကွက်လိုအပ်ချက် ကိုပြည့်မီစေရေးအတွက်   စက်စွမ်းအား အပြည့်    လည်ပတ်သွားမည်ဖြစ်ကြောင်း နီဆွန်ရေနံချက်စက်ရုံနှင့် ရေနံဓာတုကုမ္ပဏီက  အောက်တိုဘာ ၂၅ ရက်တွင်  ပြောသည်။

ထိုသို့စက်စွမ်းအားအပြည့် လည်ပတ်မည် ဖြစ်သည့်အတွက် တစ်ရက်လျှင်ရေနံ စိမ်းစည်နှစ်သိန်းကို သန့်စင်နိုင်မည်ဖြစ်ကာ ကတိပေးထားသည့်အတိုင်း အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ဈေးကွက်သို့ရေနံ ထွက်ကုန် ကုဗမီတာ ၂ ဒသမ ၄ သန်းမှ ၂ ဒသမ ၅ သန်းအထိ ထောက်ပံ့ပေးနိုင်မည် ဖြစ်ကြောင်း  ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နိုင်ငံအတွင်း ဘဏ္ဍာရေးအခက်အခဲများနှင့် ရင်ဆိုင်နေရစဉ် နိုင်ငံတောင်ပိုင်းရှိ စက်သုံးဆီဆိုင်အချို့ပိတ်ခြင်း သို့မဟုတ်  စက်သုံးဆီကိုအကန့်အသတ်ဖြင့်သာ ရောင်းချခြင်းတို့ လုပ်ဆောင်လာပြီးနောက် ရက်ပိုင်း အတွင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်ထွက်ပေါ် လာခြင်းဖြစ်သည်။

မကြာသေးမီက ပြည်ပကနေ ဗီယက်နမ် နိုင်ငံအတွင်းကို စက်သုံးဆီတင်သွင်းမှုက အခက်အခဲအများအပြားနဲ့ တွေ့ကြုံလာရ တဲ့အတွက် တချို့စက်သုံးဆီကိုယ်စားလှယ်များနဲ့ စက်သုံးဆီဆိုင်တွေမှာ ရေနံထွက်ကုန် တွေပြတ်လပ်ကုန်တာဖြစ်ပါတယ် ဟု ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

Ref: CNA