မြစိမ်းရောင်ချေးငွေများ ပြန်လည်ထုတ်ချေးပေး

မင်းတုန်း၊ လူမှုရေး

မြစိမ်းရောင်ချေးငွေများ ပြန်လည်ထုတ်ချေးပေး

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ တာဝန်ယူအကောင် အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင် ကျေးရွာစီမံကိန်းမှ စီမံကိန်းဝင်ကျေးရွာဖြစ်သော ကူဖြူကျေးရွာ၌ မြစိမ်းရောင်ချေးငွေ များ ပြန်လည်ထုတ်ချေးခြင်းကို အဆိုပါ ကျေးရွာရှိ စုရပ်ဆောင်၌ အောက်တိုဘာ ၂၆ ရက်တွင် ဆောင်ရွက်ကြောင်းသိရသည်။

ရှေးဦးစွာ မင်းတုန်းမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးညိုဝင်းအောင်က ကူဖြူကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်းမှ အတိုးအ ရင်းငွေများအား နေ့ချင်းပြီးအကျေပေးဆပ်ခြင်း၊ နေ့ချင်းပြီး ပြန်လည်ထုတ်ချေးခြင်း စနစ်ကျင့်သုံးပြီး   ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊  နည်းဥပဒေပါ မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် ပတ်သက်သည့် အသင်းသား၊ အသင်းသူများ၏ ဆောင်ရန်၊ ရှောင်ရန်အချက်များကိုရှင်းလင်း ပြောကြားပြီး   မြို့နယ်စီမံကိန်း တာဝန်ခံ ဒုတိယဦးစီးမှူး ဦးနိုင်ဝင်းက စီမံကိန်းလက်စွဲပါ အကြောင်းအရာများကို ပြောကြားသည်။

မင်းတုန်းမြို့နယ် ကူဖြူကျေးရွာရှိ ကျေးရွာမြစိမ်းရောင် လုပ်ငန်းအဖွဲ့ဝင်များက စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်သူ ၂၂ ဦးထံသို့ ချေးငွေ ၁၃ ဒသမ ၃ သန်း၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူ ၄၄ ဦးထံသို့ ချေးငွေ ၂၆ ဒသမ ၈ သန်း၊ အရောင်းအဝယ်လုပ်ငန်း ဆောင်ရွက်သူ လေးဦးထံသို့ ချေးငွေ၂ ဒသမ ၃ သန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆောင်ရွက်သူ ၁၀ ဦးထံသို့ ချေးငွေ ၅ ဒသမ ၇ သန်းကို ဝန်ထမ်းများက ထုတ်ချေးဆောင်ရွက်ကြကြောင်း သိရသည်။

ကိုနိုင်