၂၀၂၂ ခုနှစ်၊ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များက ဒီရေတောပင်များ စုပေါင်းစိုက်ပျိုး
အောက်တိုဘာ ၂၉ ရက်
ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုဖောက်ပြန်ခြင်း၊ ရေခဲပြင်များ အရည်ပျော်ပြီး ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းကြောင့် အိန္ဒိယသမုဒ္ဒရာ ဒေသအတွင်း ကမ်းရိုးတန်းဧရိယာများတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီး လာပြီး ရေလွှမ်းမိုးမှုများနှင့် ဒီရေတောပြုန်းတီးမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ ဒီရေတောများသည် ကုန်းမြေနှင့်ပင်လယ်ကြားတွင် အကာအကွယ်ဖြစ်ပြီး ရှားပါး မျိုးစိတ်အချို့အတွက်လည်း ခိုလှုံရာနေရာဖြစ်သည်။ ထို့အပြင် ရေတိုက်စား ခြင်း ကြောင့် ကမ်းပါးပြိုကျမှုများအား အကာအကွယ်ပေးခြင်း၊ လေပြင်းတိုက် ခတ်မှု များကို ကာကွယ်ပေးခြင်း၊ပင်လယ်နေသတ္တဝါများထိခိုက်ပျက်စီးစေသည့် အမှိုက် များနှင့် အဆိပ်အတောက်များကို ကုန်းမြေမှပင်လယ်ထဲသို့ တိုက်ရိုက် ရောက်ရှိမှု မရှိစေရန် ထိန်းသိမ်းပေးခြင်းတို့ဖြင့် လူသားတို့၏ အသက်ရှင်နေထိုင် ရပ်တည်မှု ကို များစွာအကျိုးပြုလျက်ရှိသည်။ စွမ်းအင်နှင့်စားနပ်ရိက္ခာအတွက် လွန်စွာ အရေးပါသော ပင်လယ်ပြင်အား အစဉ်အမြဲထိန်းသိမ်းကာကွယ် စောင့် ရှောက်ရာ ၌ ဒီရေတောစိုက်ပျိုးမှုများမှာ မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ် တစ်ခုဖြစ် သည်။
ယနေ့အချိန်တွင် ဒီရေတောများ ပြုန်းတီးပျက်စီးမှုများကြောင့် ကမ်းခြေရေတိုက်စားမှုများ၊ မကြာခဏ ရေလွှမ်းမိုးမှုများနှင့် ရေသယံဇာတ ပျက်စီးမှုများ စသည့်သဘာဝဘေးအန္တရာယ်များ ပိုမိုကြုံတွေ့လာရသည်။ ထိုကဲ့သို့ သဘာဝဘေးအန္တရာယ်ကျရောက်မှုများကို ကြိုတင်ကာကွယ်နိုင်ရန်၊ ကမ်းရိုးတန်းသဘာဝသယံဇာတ ထိန်းသိမ်းရေးအတွက် အထောက်အကူပြုစေ ရန်ရည်ရွယ်၍ ဒီရေတောပင်စိုက်ပျိုးပွဲအခမ်းအနားများကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်များရှိ သက်ဆိုင်ရာ ရေတပ်စခန်းဌာနချုပ်များနှင့် စစ်ရေယာဉ်စုများတွင် ကျင်းပပြုလုပ် ခဲ့သည်။
အခမ်းအနားများတွင် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များက သတ်မှတ်နေရာအသီးသီးတွင် ဒီရေတောပျိုးပင်များဖြစ်သော လမုပင်၊ ဗြူးခြေ ထောက်ပင်၊ သမက်ပင်၊ ပရုန်းပင်နှင့် ဓနိပင် စုစုပေါင်း ၃,၈၉၆ ပင်အား စိုက်ပျိုး ခဲ့ကြပြီး ၂၀၂၂ ခုနှစ်အတွင်း ဒီရေတောပင်စုစုပေါင်း ၂၆,၂၇၆ ပင် စိုက်ပျိုးနိုင်ခဲ့ ကြောင်း သတင်းရရှိသည်။