ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၏ (၂၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းကပ်လှူ ပူဇော်ပွဲ ကျင်းပပြုလုပ်

ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၏ (၂၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းကပ်လှူ ပူဇော်ပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၃၀

      ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၏ (၂၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းကပ်လှူ ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် တိုင်းရန်အောင် ခန်းမ၌ပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မော်တောင်ကျောင်းတိုက် ဆရာတော် တိုင်းသံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တနာရဒ အမှူးပြုသော သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။

    ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မော်တောင်ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား ကထိန်လျာမြတ် သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မော်တောင် ကျောင်း တိုက်ဆရာတော်ထံမှ ကထိန်အနုမောဒနာ တရားနာကြားကာ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

     ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။