၂၀၁၉- ၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်၌ အမှတ်(၁၈)အခြေခံပညာ အထက်တန်းကျောင်း(မန္တလေးမြို့)မှ ထူးချွန်ဆု ရရှိကြသူများအား ဆုများချီးမြှင့်

၂၀၁၉- ၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်၌ အမှတ်(၁၈)အခြေခံပညာ အထက်တန်းကျောင်း(မန္တလေးမြို့)မှ ထူးချွန်ဆု ရရှိကြသူများအား ဆုများချီးမြှင့်

နေပြည်တော်၊ အောက်တိုဘာ - ၃၀

    ၂၀၁၉- ၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်ရှိ အမှတ်(၁၈)အခြေခံပညာ အထက်တန်းကျောင်း(မန္တလေးမြို့)မှ ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ပြုလုပ်ရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

   ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ဂုဏ်ပြုအမှာစကား ပြောကြားပြီး ကျောင်းအုပ်ချုပ်မှု တာဝန်ခံအရာရှိက ပညာရေးဆိုင်ရာများ ရှင်းလင်းပြောကြားသည်။ ထို့ နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ၂၀၁၉- ၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင့်ခဲ့ကြသည့် ၆ ဘာသာ ဂုဏ်ထူးရှင် ၁ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၅ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၅ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၈ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၁၂ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၃၃ ဦး၊ ဆရာ၊ ဆရာမများ၊ KG တန်းမှ Grade-10 ထိ ဆုရရှိကြသူများနှင့် ၂၀၁၉- ၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တိုင်းနှင့် ပြည်နယ်အဆင့်/ မြို့နယ်အဆင့် အားကစားပြိုင်ပွဲ များတွင် ထူးချွန်ဆုရရှိသူ ၁၃ ဦးတို့အား တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ် ချီးမြှင့် ခဲ့ကြကြောင်း သတင်းရရှိသည်။