ကျိုင်းတုံမြို့ရှိ သီလဓမ္မကုန်းသာ(ဝစီပိတ်) ကျောင်းတိုက်တွင် (၂၇)ကြိမ်မြောက် ကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပပြုလုပ်

ကျိုင်းတုံမြို့ရှိ သီလဓမ္မကုန်းသာ(ဝစီပိတ်) ကျောင်းတိုက်တွင် (၂၇)ကြိမ်မြောက် ကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၃၀

  ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ သီလဓမ္မကုန်းသာ(ဝစီပိတ်)ကျောင်း တွင် (၂၇)ကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ပြုလုပ်ရာ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တခေမာစာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကထိန်အလှူရှင်များ၊ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

   ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သာသနာ့ဝေပုလ္လပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာဂန္ထ ဝါစာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝိဇယ ထံမှ ငါးပါးသီလခံယူ ဆောက် တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ  နာယူကြည်ညိုကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင်များ က သံဃာတော်များအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း ကြပြီး သာသနာ့ဝေပုလ္လပရိယတ္တိ စာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် ထံမှ ကထိန်အနုမောဒနာတရား နာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

     ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင်များသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။