စစ်တွေ့မြို့၌ အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

စစ်တွေ့မြို့၌ အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၃၁

          ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)တို့မှ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာ နချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင် ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

          ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြ ဆရာ၊ ဆရာမများ၊ ဆုရရှိကြသူများနှင့် သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုများ၊ ဂုဏ်ပြုချီးမြှင့် ငွေများနှင့် သင်တန်းဆင်းလက်မှတ်များ အသီးသီး ပေးအပ်ချီးမြှင့်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

          အဆိုပါသင်တန်းကို ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ တိုင်းရင်းသား လူမျိုးစုများဖြစ်သည့် ရခိုင်၊ သက်၊ ဒိုင်းနက်၊ မာရမကြီး၊ ခမီး၊ မြို၊ စုမ်းတူချင်း၊ အရှိုးချင်း၊ လောက်တူချင်းနှင့် လေးတူချင်း စသည့် တိုင်းရင်းသားလူငယ် ၄၀ ဦးဖြင့် အောက်တိုဘာ ၃ ရက်မှ ယနေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သတင်းရရှိသည်။