ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ဂန်ရွာသစ်ရှိ မီးဘေးသင့်ပြည်သူ များအား ထောက်ပံ့ငွေ၊ အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့
နေပြည်တော်၊ နိုဝင်ဘာ - ၄
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ဂန်ရွာသစ်၊ အကွက်အမှတ်(၈၆၈)၌ နိုဝင်ဘာ ၃ ရက် ညနေပိုင်းတွင် မီးစတင်လောင် ကျွမ်းခဲ့ပြီး ပတ်ဝန်ကျင်နေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၄၂ လုံး မီးလောင်ကျွမ်းပျက်ဆီးဆုံးရှုံးခဲ့သဖြင့် မီးဘေးသင်ပြည်သူများအား ထောက်ပံ့ ငွေ၊ အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နေလယ်ပိုင်းတွင် အဆိုပါရပ်ကွက်ရှိ စွန်နတ်ဂျမာအပ်ဗလီ၌ ပြုလုပ်ရာ တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် မီးဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မီးဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ၊ အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးကြရာ မီးဘေးသင့်ပြည်သူများ ကိုယ်စား တာဝန်ရှိသူများက လက်ခံရယူကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် တိုင်းမှူးတို့က မီးဘေးသင့်ပြည်သူများအား တစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။