(၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာမြို့ရှိ တပ်မတော်ဆေးရုံ၌ စုပေါင်းသွေးလှူဒါန်း

(၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာမြို့ရှိ တပ်မတော်ဆေးရုံ၌ စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၄

        ၂၀၂၂ ခုနှစ်၊ ယနေ့တွင် ကျရောက်သည့် (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ဝင်ဘာ ၂ ရက် နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့ရှိ တပ်မတော်ဆေးရုံ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းကြသည်။

        ဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက သတ်မှတ်နေရာအသီးသီး ၌ စုပေါင်းသွေးလှူဒါန်းကြသည်။ ထို့သို့ သွေးလှူဒါန်းနေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ သွေးအလှူရှင်များ အတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အားဆေးများ ပေးအပ်သည်။

        ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဆေးရုံ တက်ရောက်ကုသမှုခံယူနေသော လူနာများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး ဆေးရုံအတွင်း လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။