ခိုလမ်မြို့၊ သီရိမင်္ဂလာကျောင်းတိုက်အတွင်း ဗုဒ္ဓကောလိပ်(၅)ထပ်ကျောင်းဆောင်သစ် တည်ဆောက်ရန်အတွက် အလှူငွေဆက်ကပ်လှူဒါန်း

ခိုလမ်မြို့၊ သီရိမင်္ဂလာကျောင်းတိုက်အတွင်း ဗုဒ္ဓကောလိပ်(၅)ထပ်ကျောင်းဆောင်သစ် တည်ဆောက်ရန်အတွက် အလှူငွေဆက်ကပ်လှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၄

        ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ သီရိမင်္ဂလာကျောင်းတိုက်အတွင်း ဗုဒ္ဓ ကောလိပ် (၅)ထပ်ကျောင်းဆောင်သစ် တည်ဆောက်ရန်အတွက် အလှူငွေ ဆက်ကပ် လှူဒါန်းခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ပြုလုပ်ရာ သီရိမင်္ဂလာကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ပညာသီရိ ကြွရောက်တော်မူ ပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊  စေတနာရှင်အလှူရှင်များ ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက် ကြသည်။

        ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီရိမင်္ဂလာကျောင်းတိုက် ဆရာတော်ထံမှ သီလဓမ္မတရားတော်များ နာယူကြည်ညိုကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗုဒ္ဓ ကောလိပ် (၅)ထပ်ကျောင်းဆောင်သစ် တည်ဆောက်ရန်အတွက် အလှူငွေကျပ် သိန်း ၁၀၀ နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဗုဒ္ဓကောလိပ် (၅)ထပ်ကျောင်း ဆောင်သစ် တည်ဆောက်နေသည့် နေရာအား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။