နမ္မတူမြို့နယ်ရှိ ကျေးရွာနှစ်ရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး
နမ္မတူ၊ သောက်သုံးရေရရှိရေး
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲ ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုငွေဖြင့် ဆောင်ရွက်သည့် နမ္မတူမြို့နယ် အိုဘလန်ဒါကုန်း ကျေးရွာနှင့် ဆန်ခါကျေးရွာတို့၌ သောက်သုံးရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို နိုဝင်ဘာ ၇ ရက်က တာဝန်ရှိ သူများ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောက် မဲခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးထွန်းချစ်၊ နမ္မတူမြို့ နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူး ဦးစိုင်းဆိုင်လှိုင်းနှင့် တာဝန်ရှိသူများက ကျေးရွာရေရရှိရေး ကော်မတီဝင် များနှင့်အတူ အိုဘလန်ဒါကုန်း ကျေးရွာနှင့် ဆန်ခါကျေးရွာတို့၌ စက်ရေ တွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လုပ်ငန်းများ ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းဆောင် ရွက်ကြရန်နှင့် လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
အိုဘလန်ဒါကုန်းကျေးရွာနှင့် ဆန်ခါ ကျေးရွာတို့၌ သောက်သုံးရေရရှိရေးအတွက် အကျယ် ၄ လက်မ၊ အနက် ပေ ၄၀၀ ခန့် ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ အလျား ၅ ပေ၊ အနံ ၅ ပေ၊ အမြင့် ၇ ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြု ငွေ ငွေကျပ် ၄၂ ဒသမ ၂၈၇ သန်းဖြင့် တင်ဒါအောင်မြင်သည့် Shinning Lashio ကုမ္ပဏီက ဇူလိုင်ဒုတိယပတ်မှ စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခု အခါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဖြိုးထက်အောင်
