အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ (၆၁)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်း သွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်
နေပြည်တော်၊ နိုဝင်ဘာ - ၉
အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်နေ့တွင်ကျ ရောက်မည့် (၆၁)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့ နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက စုပေါင်းသွေးလှူဒါန်းကြရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး သွေးအလှူရှင်များ အတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အားဆေးများ ထောက်ပံ့ပေးအပ် ခဲ့သည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည့် 500 ml သွေး ၇၀ လုံးတို့ကို ပုသိမ်မြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီး၊ အမျိုးသားသွေလှူဘဏ်ခွဲ၌ တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။