တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီး ကျွန်းမြို့အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီး ကျွန်းမြို့အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ နိုဝင်ဘာ - ၉

          ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ဒေသခံပြည်သူများ အား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ဟိုင်းကြီးကျွန်းမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် အခြေပြု၍ ဒေသခံပြည်သူ ၁၀၂၅ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

          ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၀၉ ဦး၊ ခွဲစိတ်ရောဂါ ၇၇ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၄၂ ဦး၊ ကလေးရောဂါ ၄၈ ဦး၊ အရိုးရောဂါ ၁၅၈ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၂၇ ဦး၊ မျက်စိရောဂါ ၄၁၉ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၄၅ ဦး၊ စုစုပေါင်း ၁၀၂၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၂၄ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၄၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၈၈ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများအား နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးခဲ့သည်။

          ထို့ပြင် ယနေ့တွင် လာရောက်ဆေးကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူ များအား ဟိုင်းကြီးကျွန်းမြို့ရှိ နယ်မြေခံရေတပ် စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများက နေ့လယ်စာနှင့် အာဟာဖြည့် စားသောက်ဖွယ်ရာများအား  ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။