ကျွန်းလှမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွား၍ NGO(ASELF Tot Health) အဖွဲ့မှ ကျန်းမာရေးဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရ

ကျွန်းလှမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွား၍ NGO(ASELF Tot Health) အဖွဲ့မှ ကျန်းမာရေးဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရ

နေပြည်တော်၊ နိုဝင်ဘာ ၉

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထား သည့် လက်လုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွား၍ NGO(ASELF Tot Health)အဖွဲ့မှ ကျန်းမာရေးဝန်ထမ်း တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

          ဖြစ်စဉ်မှာ နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ထန်းပင်ကုန်း-ကြာတကန်ကျေးရွာချင်းဆက်လမ်း၊ ကြာတကန်ကျေးရွာ၏ အရှေ့ ဘက် ၄ ဖာလုံခန့်အကွာ ရေကျော်အနီး၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ NGO(ASELF Tot Health)အဖွဲ့မှ ငှက်ဖျား/တီဘီရောဂါ တိုက်ဖျက်ရေး ဝန်ထမ်းဖြစ်သူ ကျွန်းလှမြို့နယ်၊ ပျဉ်းမမြိုင်ရပ်ကွက်နေ ကိုပြည့်စုံအောင်(၂၆)နှစ် (ဘ) ဦးထွန်းမြင့်သည် ကြာတကန်ကျေးရွာရှိ တီဘီရောဂါဖြစ်ပွားသူများအား ကျန်းမာရေး စစ်ဆေးပေးရန်အတွက် ထန်းပင်ကုန်း-ကြာတကန် ရွာချင်းဆက်လမ်းအတိုင်း ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် အခင်းဖြစ်နေရာအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကိုပြည့်စုံအောင်တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသ နိုင်ရေး ကျွန်းလှမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

          ထိုကဲ့သို့ ဒေသခံပြည်သူများအား ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးနေသည့် NGO(ASELF Tot Health)အဖွဲ့မှ ကျန်းမာရေး ဝန်ထမ်းများအား မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ကာ ထိခိုက်ဒဏ်ရာများ ရရှိစေခဲ့သူ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ် များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။