သရက်၊ ရေရရှိရေး
မြေသားရေကန်တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး
မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP)ရန်ပုံငွေဖြင့် မုန်ချောင်းကျေးရွာ၌ မြေသားရေကန်တိုးချဲ့ခြင်း လုပ်ငန်းအခြေအနေများ ကိုနိုဝင်ဘာ ၈ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆန်းဌေးနှင့် ဝန်ထမ်း များက မုန်ချောင်းကျေးရွာ၌ မြေသားရေကန်တိုးချဲ့ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေး ကြပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ကျေးရွာမှတာဝန်ရှိသူများကို သတ်မှတ်ကာလအတွင်း စံချိန် စံညွှန်းပြည့်မီရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
သရက်ခရိုင် သရက်မြို့နယ် မုန်ချောင်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP) ရန်ပုံငွေကျပ်သိန်း ၁၀၀ အသုံးပြုပြီး မြေသားရေကန်တိုးချဲ့ခြင်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ ကွင်းဆင်းကြီးကြပ်မှု၊ မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများ၏ နည်းပညာကူညီပေးမှုတို့ဖြင့် ကျေးရွာပြည်သူလူထုကိုယ်တိုင် စက်တင်ဘာလပထမပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ၈၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ကိုညို(ကျေးလက်)