တောင်ကြီးမြို့၌ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ဆုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ ကျင်းပပြုလုပ်

တောင်ကြီးမြို့၌ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ဆုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၁၀

        ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ စူဠာမုနိလောက ချမ်းသာစေတီတော်ရင်ပြင်၌ တန်ဆောင်တိုင်မီးပုံပျံပွဲတော် ဆုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ပွဲကို နိုဝင်ဘာ ၉ ရက် ညနေပိုင်းတွင် အဆိုပါစေတီတော်ရင်ပြင် ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ဒိုင်းအဖွဲ့များ၊ ဆုရရှိ ကြသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

        ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက စိန်နပန် မီးပုံးပျံ လွှတ်တင်ပူဇော်ခဲ့ကြသော အေးသာယာမြို့နှင့် တောင်ကြီးမြို့တို့မှ ယှဉ်ပြိုင်ခဲ့ကြသော ခြေ(၂)ချောင်း၊ ခြေ(၄)ချောင်းပြိုင်ပွဲတို့တွင် ဆုရရှိကြသူများ၊ မီးပဒေသာလှည့်လည် ပူဇော်ပွဲတွင် ပါဝင်ခဲ့ကြသော တောင်ကြီးမြို့ပေါ်(၂၂)ရပ်ကွက်မှ အဖွဲ့များ၊ ဒိုင်အဖွဲ့များ နှင့် မီးဆရာအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြ သည်။ ထို့နောက် တန်ဆောင်တိုင်မီးပုံပျံပွဲတော် ဆုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ပွဲအား မီးရှူး၊ မီးပန်းများ ပစ်ပေါက်ပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။