မိုင်းရှူးမြို့နယ်ရှိ ဟံသာမုနိမာရဇိန်ဘုရားကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း နှင့် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ပွဲတော်ကျင်းပနိုင်ရေးအတွက် အလှူတော်ငွေ ပေးအပ်လှူဒါန်း

မိုင်းရှူးမြို့နယ်ရှိ ဟံသာမုနိမာရဇိန်ဘုရားကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း နှင့် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ပွဲတော်ကျင်းပနိုင်ရေးအတွက် အလှူတော်ငွေ ပေးအပ်လှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၁၀

        ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်ရှိ ဟံသာမုနိမာရဇိန်ဘုရားကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းနှင့် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ပွဲတော်ကျင်းပ နိုင်ရေးအတွက် အလှူတော်ငွေ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နေလယ်ပိုင်းတွင် အဆိုပါဘုရားကြီးကျောင်းတိုက်၌ ပြုလုပ်ရာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ကဝိန္ဒ အမှူးပြုသော ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

        ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဆိုပါကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ  နာယူကြည်ညိုကြသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင် က ကျောင်းတိုက်ဆရာတော်ထံ လှူဖွယ်ပစ္စည်းများနှင့် ရွှေဆိုင်းများအား လည်းကောင်း၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက တာဝန်ရှိသူများထံ အလှူတော်ငွေများ အားလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။