လားရှိုးမြို့ရှိ နတ်ရေကန်သောဘိတာရာမပရိယတ္တိ စာသင်တိုက်အတွင်း တည်ထား ကိုးကွယ်တော်မူသော ကံဘုန်းရှင်ရွှေအိုးကြီး စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူ ပူဇော်ပွဲနှင့် ဗုဒ္ဓဘိသေကအနေကဇာတင် မင်္ဂလာပြုလုပ်

လားရှိုးမြို့ရှိ နတ်ရေကန်သောဘိတာရာမပရိယတ္တိ စာသင်တိုက်အတွင်း တည်ထား ကိုးကွယ်တော်မူသော ကံဘုန်းရှင်ရွှေအိုးကြီး စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူ ပူဇော်ပွဲနှင့် ဗုဒ္ဓဘိသေကအနေကဇာတင် မင်္ဂလာပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၁၁

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ နတ်ရေကန် သောဘိတာရာမပရိယတ္တိ စာသင်တိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော ကံဘုန်းရှင်ရွှေအိုးကြီးစေတီ တော်မြတ်ကြီး ရွှေထီးတော်တင်လှူ ပူဇော်ပွဲနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းတိုက်၌ပြုလုပ်ရာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

    ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နတ်ရေကန်သောဘိတာရာမ ကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောဘိတထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး  စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် များနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်၊ အရန်ရွှေထီးတော်များနှင့် ရွှေထီး တော်ဆိုင်ရာပစ္စည်းများကို ပန်းရထားဖြင့် ပင့်ဆောင်ကာ ရွှေထီးတော်မြတ်ကို တင်လှူပူဇော်ကြသည်။ ယင်းနောက် သံဃာတော်များက ဗုဒ္ဓဘိသေက အနေကာဇာ တင်ခြင်းကို ဆက်လက် ဆောင်ရွက်ပေးသည်။

      ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက နတ်ရေကန် သောဘိတာရာမ ပရိယတ္တိစာသင်တိုက်အတွင်း တည်ထားကိုးကွယ်သည့် ဘုရားရှင်၏ အသွေးအသား မှဖြစ်သော ဓာတ်တော်များနှင့် ရဟန္တာ အရှင်သူမြတ်များ၏ ဓာတ်တော်များ ထားရှိသည့် ဓာတ်တော်တိုက်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဓာတ်တော်များအား ဖူးမြော်ကြည်ညိုကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။