မြစ်ကြီးနားမြို့(၄၁)ကြိမ်မြောက် ဝိနယသဒ္ဓမ္မပါလ စာမေးပွဲကြီးကြပ်ရေး ဆရာတော် ကြီးများအား လှူဖွယ်ဝတ္ထုနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်း

မြစ်ကြီးနားမြို့(၄၁)ကြိမ်မြောက် ဝိနယသဒ္ဓမ္မပါလ စာမေးပွဲကြီးကြပ်ရေး ဆရာတော် ကြီးများအား လှူဖွယ်ဝတ္ထုနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၁၁

      ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကျင်းပပြုလုပ်မည့်(၄၁)ကြိမ်မြောက် ဝိနယသဒ္ဓမ္မပါလ စာမေးပွဲအား ပရိယတ္တိသာသနာနုဂ္ဂဟ ဆရာတော်ကြီးများ အဖွဲ့မှ ကြီးကြပ်၍ နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ  စာမေးပွဲ ကြီးကြပ်ရေး ဆရာတော်ကြီးများ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ဝတ္ထုများကို ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့်အဖွဲ့ဝင်များက မြစ်ကြီးနားမြို့ရှိ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်၌ သွားရောက်ဆက်ကပ် လှူဒါန်းသည်။

    ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော် သံဃာတော်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်း မှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် နယ်မြေခံဆေးအဖွဲ့က သံဃာတော်များအား လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။