တပ်မတော် ( ကြည်း၊ ရေ ၊ လေ ) ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် တိုက်ပွဲဝင်စွမ်းဆောင်ရည်စစ်ဆေးမှုပြိုင်ပွဲ ( ဗဟိုအဆင့် ) ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

တပ်မတော် ( ကြည်း၊ ရေ ၊ လေ ) ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် တိုက်ပွဲဝင်စွမ်းဆောင်ရည်စစ်ဆေးမှုပြိုင်ပွဲ ( ဗဟိုအဆင့် ) ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၂

          ပထမဆုံးအကြိမ်အဖြစ်ကျင်းပသည့် တပ်မတော်( ကြည်း၊ ရေ ၊လေ ) ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် တိုက်ပွဲဝင်စွမ်းဆောင်ရည်စစ်ဆေးမှုပြိုင်ပွဲ (ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ နယ်မြေခံ  တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ဒုတိယတပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ်ကိုလေးနှင့် အရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက်ရှိတပ်ရင်း၊ တပ်ဖွဲ့များမှ တပ်ရင်း၊တပ်ဖွဲ့မှူးများပြိုင်ပွဲဝင် တပ်မတော် သားများ တက်ရောက်ကြသည်။

          အခမ်းအနားတွင် အထက်ဖမ်းဆွဲပြိုင်ပွဲ ၊ ၃.၂ ကီလိုမီတာ အပြေးတက် ပြိုင်ပွဲ ၊ ဗိုက်သားပြိုင်ပွဲ ၊ လက်ထောက်မှောက်ပြိုင်ပွဲ ၊ တိုက်ပွဲဝင်စွမ်းဆောင် ရည်စစ်ဆေးမှုပြိုင်ပွဲများတွင် ပထမ ၊ ဒုတိယ ၊ တတိယ ဆုရရှိကြသည့် အားကစားသမားများကို တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီး ချီးမြှင့်ကြသည်။

ထို့နောက် အသင်းလိုက် တတိယဆုရရှိသည့် အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်အသင်းကို ဒိုင်းဆုနှင့် ငွေသားဆုများအား နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စိုးဦးက လည်းကောင်း ၊ အသင်းလိုက် ဒုတိယဆုရရှိသည့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်ရုံး အသင်း ကို ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်ကိုလေးက လည်းကောင်း ဆုများ အသီးသီး ချီးမြှင့်ကြသည်။

ဆက်လက်၍ အသင်းလိုက် ပထမဆုရရှိသည့် တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ရုံးအသင်းကို ဒိုင်းဆု ၊ ဆင့်ပွားဒိုင်းဆုနှင့် ငွေသားဆုများ ကို နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းက ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။

တပ်မတော်(ကြည်း၊ရေ၊လေ) ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် တိုက်ပွဲဝင်စွမ်းဆောင်ရည် စစ်ဆေးမှုပြိုင်ပွဲ (ဗဟိုအဆင့်)ပြိုင်ပွဲဝင်နိုင်ရန်အတွက် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကိုက်ညီသည့် ကိုယ်ခန္ဓာကြံ့ခိုင်မှု ပိုမိုပြည့်ဝသူများအား တိုင်းစစ်ဌာနချုပ်များအလိုက် စိစစ်ရွေးချယ်ခဲ့ပြီး အထက်မြန်မာပြည်ပြိုင် ပွဲဇုန်အသင်းများမှ အကောင်းဆုံး စံချိန်ရရှိသော ပြိုင်ပွဲဝင်အသင်း ၅ သင်းနှင့် အောက်အမြန်မာပြည် ပြိုင်ပွဲဇုန် အသင်းများမှ အကောင်းဆုံး စံချိန်ရရှိသော ပြိုင်ပွဲဝင်အသင်း ၅ သင်း၊ စုစုပေါင်း ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အသင်းတစ်သင်းလျှင် အားကစားသမား ၁၂ ဦးစီဖြင့် ပါဝင်ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်သည်။

မြန်မာ့တပ်မတော်အနေဖြင့် အဆိုပါ ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် တိုက်ပွဲဝင် စစ်ဆေးမှုများမှာ တပ်မတော်သားများ ပုံမှန်လေ့ကျင့်လျက်ရှိသော ကိုယ်လက် ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများဖြစ်၍ အားကစားနည်းတစ်ခုအဖြစ် ယခုနှစ်တွင် စတင်ကျင်းပခြင်းဖြစ်ပြီး ယင်းအားကစားနည်းဖြင့် နိုင်ငံတကာတပ်မတော် စွမ်းရည် ပြိုင်ပွဲများထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။