ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း (၁၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဖိုရမ်နှင့်ပြပွဲများသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ထွက်ခွာ

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း (၁၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဖိုရမ်နှင့်ပြပွဲများသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ထွက်ခွာ

နေပြည်တော်   နိုဝင်ဘာ   ၁၃

     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည်  ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊  ဝန်ကြီး H.E. Mr. Vitaly Saveliev  ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာလ  ၁၄ ရက်မှ ၁၉ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊   မော်စကိုမြို့၌ ကျင်းပပြုလုပ်မည့်    (၁၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဖိုရမ်နှင့်  Transport Week, 2022  ပြပွဲသို့ တက်ရောက်ရန် ယနေ့ ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ ထွက်ခွာသွားသည်။

    ပြည်ထောင်စုဝန်ကြီးနှင့် အတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြပြီး  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့်   ဝန်ကြီးဌာနမှ တာဝန်ရှိသူများက  လေဆိပ်၌ပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။