အမေရိကန်အိမ်ထောင်စုများ၏ ကြွေးမြီများ အမြန်ဆုံးနှုန်းဖြင့်မြင့်တက်လာ

အမေရိကန်အိမ်ထောင်စုများ၏ ကြွေးမြီများ အမြန်ဆုံးနှုန်းဖြင့်မြင့်တက်လာ

အမေရိကန်နိုင်ငံရှိအိမ်ထောင်စုများက တင်ရှိနေသောကြွေးမြီများသည် ယခုနှစ် နောက်ဆုံး သုံးလပတ်အတွင်း အမြန်ဆုံး နှုန်းဖြင့် မြင့်တက်လာကြောင်း သိရသည်။

အထူးသဖြင့်  အကြွေးဝယ်ကတ်များ အသုံးပြုမှုမြင့်မားလာခြင်းနှင့် ချေးငွေ ပမာဏများစွာတင်ရှိမှုတို့ကြောင့် ၁၅ နှစ်အတွင်း အမြန်ဆုံးနှုန်းဖြင့်မြင့်တက်လာ ခြင်းဖြစ်ကြောင်း အမေရိကန်ဗဟိုဘဏ်က  ယခုသီတင်းပတ်တွင် ထုတ်ပြန်ထားသည်။

အိမ်ထောင်စုများကတင်ရှိနေသော စုစုပေါင်းကြွေးမြီပမာဏသည် ဒေါ်လာ ၁၆ ဒသမ ၅ ထရီလီယံအထိရှိကာ ထိုပမာဏသည် ပြီးခဲ့သည့်နှစ် အလားတူကာလကထက် ၂ ဒသမ ၂ ရာခိုင်နှုန်း ပိုမိုများပြားလာကြောင်း ဗဟိုဘဏ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ဇူလိုင်လမှ စက်တင်ဘာလအတွင်း အိမ်ထောင်စုများကတင်ရှိနေသော ကြွေးမြီပမာဏသည် ဒေါ်လာ ၃၅၁ ဘီလီယံအထိရှိသည်ဟု ဗဟိုဘဏ်တာဝန်ရှိသူများ ကပြောသည်။

ဒုတိယသုံးလပတ်တွင်မူ အိမ်ထောင်စုများက တင်ရှိနေသောကြွေးမြီမှာ ဒေါ်လာဘီလီယံ ၃၁၀ ရှိပြီး နှစ်စဉ်အကြွေးမြင့်တက် မှုပမာဏမှာ ဒေါ်လာ ၁ ဒသမ ၂၇ ထရီလီယံဖြစ်သည်။ အထူးသဖြင့် ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ အတိုးနှုန်းမြင့်တက်ခြင်းနှင့်  ဝယ်လိုအား မြင့်တက်ခြင်းတို့ကြောင့် ကြွေးမြီပမာဏ တိုးမြင့်လာခြင်းဖြစ်ကြောင်း သိရသည်။

Ref: RT