ဇီလန်စကီက ယူကရိန်းပြည်သူများကို ဒုက္ခပေးနေဟု ဂျပန်ဝန်ကြီးချုပ်ဟောင်းဝေဖန်
ယူကရိန်းသမ္မတဇီလန်စကီသည် ယူကရိန်းပြည်သူများကို ဒုက္ခပေးနေကြောင်း ဂျပန်ဝန်ကြီးချုပ်ဟောင်း ယိုရှီရိုမိုရီက ဝေဖန်လိုက်သည်။
ထို့ပြင် ဂျပန်နိုင်ငံရှိမီဒီယာများသည်လည်း ရုရှား-ယူကရိန်းပဋိပက္ခကို ဖော်ပြရာတွင် ဘက်လိုက် ရေးသားမှုများရှိနေကြောင်း ၎င်းကဆက်ပြောသည်။
ဒီဖြစ်စဉ်မှာ ရုရှားသမ္မတဗလာဒီမာ ပူတင်တစ်ယောက်တည်းကပဲ ဘာကြောင့်ဝေဖန်ခံနေရတယ်ဆိုတာ နားမလည် နိုင်ဘူး။ ယူကရိန်းသမ္မတဇီလန်စကီကိုတော့ ဝေဖန်တယ်ဆိုတာ ကြားခဲပါတယ်။ တကယ်တော့ ဇီလန်စကီကသာ ယူကရိန်းပြည်သူတွေကို ဒုက္ခရောက်အောင် လုပ်နေတာပါဟု ယိုရှီရိုမိုရီက တိုကျိုမြို့၌ကျင်းပသော နိုင်ငံရေး အခမ်းအနားတစ်ခုတွင် ပြောသည်ဟု ုပသိသ သတင်းဌာနက ဖော်ပြထားသည်။
ဂျပန်နိုင်ငံရှိ သတင်းမီဒီယာတွေကလည်း ဘက်လိုက်ကြပါတယ်။ အနောက်နိုင်ငံများကဖြန့်ဝေတဲ့ သတင်းထုတ်ပြန်ချက်များ အပေါ်မှာသာ အခြေခံပြီး ရေးသားနေကြတာပါ။ အထူးသဖြင့် အမေရိကန်နဲ့ ဥရောပသတင်းဌာနများရဲ့ ထုတ်ပြန်ချက်များအပေါ် မှီခိုနေတယ်လို့ ခံစားရပါတယ် ဟု ဝန်ကြီးချုပ်ဟောင်းက ဆက်ပြောသည်။
အလားတူ ယိုရှီရိုမိုရီသည် လက်ရှိဝန်ကြီးချုပ်ဖူမီအိုကီရှီဒါ၏ ရုရှား-ယူကရိန်းပဋိပက္ခတွင် တစ်ဖက်သတ်ဘက်လိုက်မှုနှင့် အမေရိကန်ဘက်သို့ ယိမ်းမှုတို့အပေါ် အပြစ်တင်ဝေဖန်ထားသည်။
၎င်းအပြင် ရုရှားအစိုးရသည် လက်ရှိအခြေအနေက ယခုထက်ပိုဆိုးလာပါက နျူကလီးယား လက်နက်များကိုပင် အသုံးပြုလာနိုင်ကြောင်း ယိုရှီရိုမိုရီက သတိပေးထားသည်ဟု သိရသည်။
Ref: RT
