တူကီယဲ၏ ဆီးရီးယားစစ်ဆင်ရေးနှင့် ပတ်သက်၍ ရုရှားသတိပေး

တူကီယဲ၏ ဆီးရီးယားစစ်ဆင်ရေးနှင့် ပတ်သက်၍ ရုရှားသတိပေး

တူကီယဲနိုင်ငံက ဆီးရီးယားနိုင်ငံအပေါ် လုပ်ဆောင်နေသည့် စစ်ဆင်ရေးနှင့် ပတ်သက်၍ ရုရှားအစိုးရက နိုဝင်ဘာ ၂၂ ရက်တွင် သတိပေးလိုက်ကြောင်း သိရသည်။

တူကီယဲအနေဖြင့် အခြေအနေများကိုယခုထက်ပိုမဆိုးစေရေးအတွက် အင်အားအလွန်အကျွံအသုံးပြုမှုကို ရှောင်ကြဉ်ရန် ရုရှားသမ္မတ၏ ဆီးရီးယားနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် အလက်ဇန်းဒါး လာဗရန်ယက်ကပြောခြင်း ဖြစ်သည်။

ထို့ပြင်   ကာ့အရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာဖြေရှင်းမှုဖြင့် အဖြေရှာရန် အရေးကြီးကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ၎င်းကဆက်ပြောသည်။

ကျွန်တော်တို့ရဲ့ တူကီယဲမိတ်ဆွေများအနေနဲ့ ဆီးရီးယားနယ်မြေအတွင်းမှာ အင်အားအလွန်အကျွံ အသုံးပြုခြင်းကို ရှောင်ကြဉ်မယ်လို့ မျှော်လင့်ရပါတယ်ဟု အလက်ဇန်းဒါးလာဗရန်ယက်က ဆိုသည်။

အလားတူ ဆီးရီးယားနိုင်ငံအတွင်း အမေရိကန်တပ်ဖွဲ့များ တရားမဝင်တည်ရှိနေမှုသည် ဒေသတွင်းတည်ငြိမ် အေးချမ်းရေးကို အနှောင့်အယှက်ဖြစ်စေကြောင်း၊ ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းမှနေ၍ အဆိုပါတပ်များ ဆုတ်ခွာသွားမည်ဆိုပါက  အခြေအနေကိုတည်ငြိမ်အောင် ကူညီရာရောက်မည်ဖြစ်ကြောင်း ၎င်းင်းက သတိပေးအကြံပြုထားသည်။

အောက်တိုဘာ ၂၀ ရက်တွင် တူကီယဲနိုင်ငံမှစစ်လေယာဉ်များက ဆီးရီးယားနှင့် အီရတ်နိုင်ငံအတွင်းရှိ ကာဒစ်စတန်အလုပ်သမားပါတီ၊ YPG အဖွဲ့တို့နှင့်ဆက်စပ်နေသော ပစ်မှတ် ၈၉ ခုကိုတိုက်ခိုက်မှုများ လုပ်ဆောင်ပြီးနောက် ရုရှားအထူးကိုယ်စားလှယ်၏ပြောဆိုချက် ထွက်ပေါ်လာခြင်း  ဖြစ်သည်။

တူကီယဲအစိုးရက ကာဒစ်စတန်အလုပ်သမားပါတီနှင့် YPG တို့ကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားပြီး အစ္စတန်ဘူမြို့၌ဖြစ်ပွားသော လူခြောက်ဦးသေဆုံးကာ ၈၁ ဦးဒဏ်ရာရရှိသည့် ဗုံးခွဲတိုက်ခိုက်မှုကိုလည်း  ထိုအဖွဲ့များက လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယူဆထားကြောင်း သိရသည်။                     

Ref: RT