ပညာသင်စရိတ်ပေးအပ်ပွဲကျင်းပ

မိတ္ထီလာ၊ လူမှုရေး

ပညာသင်စရိတ်ပေးအပ်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်မြို့နယ် စစ်မှုထမ်းဟောင်းရုံး အစည်းအဝေးခန်းမ၌ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်နှင့် အရန် အဖွဲ့ဝင်များ၏ သားသမီးများအား ပညာသင်စရိတ်ပေးအပ်ပွဲကို နိုဝင်ဘာ ၂၃ ရက်တွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ ဗိုလ်မှူးသန်းနိုင်(ငြိမ်း)က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်နှင့် အရန်အဖွဲ့များ၏ သားသမီးများအား ပညာသင်ကြားရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက် အဖွဲ့ဝင်များ၏ သားသမီးများအား မြို့နယ်စစ်မှုထမ်းဟောင်းရုံးမှ တတ်စွမ်းသမျှကြိုးစားပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုပံ့ပိုးပေး နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ ဗိုလ်မှူးသန်းနိုင်(ငြိမ်း)နှင့် ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးနန္ဒကျော်သူ(ငြိမ်း)တို့က စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်နှင့် အရန်အဖွဲ့ဝင်များ၏ သားသမီးများဖြစ်ကြသော ကျောင်းသား၊ ကျောင်းသူ ၂၅၆ ဦးအတွက် ပညာသင် စရိတ်ငွေကျပ်  ၉၄၈၀၀၀၀  ကို ပေးအပ်ကြောင်း သိရသည်။

(၆၀၂)