မိဘပြည်သူများသို့ အသိပေး ထုတ်ပြန်ချက်

မိဘပြည်သူများသို့ အသိပေး ထုတ်ပြန်ချက်

၁။      မိဘပြည်သူများအနေဖြင့်    နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း   (ပုံစံ-၆၆^၆) (အထစ)များကို အပိုကိုင်ဆောင်ခြင်းများ ရှိပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံးများသို့ သွားရောက်ဖြေရှင်း ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလကျော်လွန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀-၉-၂၀၂၂ ရက်နေ့တွင် နေ့စဉ်ထုတ်သတင်းစာနှင့် နိုင်ငံပိုင်ရုပ်မြင်သံကြား၊ ရေဒီယိုတို့၌ ထုတ်လွှင့်ဖော်ပြအသိပေး ကြေညာခဲ့ပါသည်။

၂။      အဆိုပါအသိပေးထုတ်ပြန်ချက်နှင့် ပတ်သက်၍ ၁-၁၀-၂၀၂၂ ရက်နေ့အထိဆောင်ရွက်နိုင်ကြောင်း ကြေညာထားသော်လည်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေ စာရင်း(ပုံစံ-၆၆^၆) (အထစ)တစ်ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားသူ ပြည်သူများ၏ ပညာရေးအောင်လက်မှတ်၊ ဘွဲ့လက်မှတ်များ၊ ဘဏ်ငွေစာရင်းများနှင့်    စီးပွားရေးလုပ်ငန်းများ၊ အိမ်၊ ခြံ၊ မြေပိုင်ဆိုင်မှုများ၊ တယ်လီဖုန်းစသည့် ဆက်သွယ်ရေး လုပ်ငန်းများနှင့် သက်ဆိုင်နေသဖြင့်    ပိုမိုသိရှိလာရောက် ဆောင်ရွက်နိုင်ရေး အတွက် ရက်သတ္တ(၂)ပတ်တိုး၍ ၁၅-၁၁-၂၀၂၂ ရက်နေ့အထိ လာရောက်ဆောင်ရွက်နိုင်ရန်   ၉-၁၁-၂၀၂၂ ရက်နေ့မှစ၍ နေ့စဉ်ထုတ်သတင်းစာများနှင့်     နိုင်ငံပိုင်ရုပ်မြင်သံကြား၊ ရေဒီယိုတို့တွင် ထပ်မံအသိပေး ထုတ်ပြန်ကြေညာခဲ့ပါသည်။

၃။      ယခုအခါ လာရောက်ဆောင်ရွက်ရမည့် ရက်သည် ၁၅-၁၁-၂၀၂၂ ရက်နေ့တွင် သတ်မှတ်ကာလပြည့်မြောက်ပြီးဖြစ်ပါသည်။ 

သို့ဖြစ်ပါ၍   နိုင်ငံသားကတ်အပို ကိုင်ဆောင်ပြီး လာရောက်ဆက်သွယ် ဆောင်ရွက်ခြင်း မရှိသူများ၏ ယခင်ကိုင်ဆောင်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်များအား ပယ်ဖျက်၍ နောက်ဆုံးထုတ်ယူခဲ့သော နိုင်ငံသားစိစစ်ရေးကတ်များအား အတည်ပြုပြီးဖြစ်ပါသည်။ နိုင်ငံသားစိစစ်ရေး ကတ်တစ်ခုထက် ပိုမိုကိုင်ဆောင်ထားသူများ အနေဖြင့် ပယ်ဖျက်ပြီးဖြစ်သည့် ယခင်နိုင်ငံသား စိစစ်ရေးကတ်အား နီးစပ်ရာမြို့နယ်လဝကရုံးသို့ အပ်နှံကြပါရန်နှင့် အပ်နှံခြင်းမပြုဘဲ ဆက်လက်ကိုင်ဆောင် အသုံးပြုနေကြောင်း စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန